Unicode
ရှောင်လီက သူ့ဇာတ်လမ်းတွေအကုန်မပြောရသေးပါဘူး။ တကယ်တော့ ဒီဇာတ်လမ်းတွေက အရမ်းကိုရှည်လျားပြီး စာရင်းတစ်ခုပြုစုဖို့ လိုလိမ့်မယ်လို့ ခန့်မှန်းရတယ်။ ဒီဇာတ်လမ်းတွေကနေ သူက အမျိုးအစားပေါင်းစုံကို ကျပမ်းရွေးချယ်ထားတာဖြစ်တယ်။ ဥပမာ ကြီးသူကိုရိုသေ ငယ်သူကိုသနား ဆိုတာလိုမျိုး ဇာတ်လမ်းနဲ့ ကလေးမလေးကို သူမရဲ့'ခန္ဓာကိုယ်'ရှာဖွေဖို့ ကူညီခြင်းလိုမျိုး...
ဖိုရမ်ကိုကြည့်ထားပြီးတော့ အမှန်တရားကိုသိတဲ့ ဝမ်ဟွိုင်ကတော့ 'မြေအောက်ရထား၊ အဘိုးအို၊ မိုဘိုင်းဖုန်း' ဆိုတဲ့အမူအရာဖြစ်နေတယ်။ (E t/n: တရုတ်မှာပေါ်ပြူလာဖြစ်တဲ့ meme/ emoticon ဖြစ်ပုံရတယ်။)
သူက ရှောင်လီနဲ့အနီးဆုံးမှာ ရပ်နေပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းက လူတွေထူထပ်လာပြီး မေးမြန်းမှတ်ချက်ပေးသူတွေ အမြင့်ကြီးတတ်လာတာကို အာရုံစိုက်ပြီး ကြည့်နေတယ်။ မေးမြန်းတဲ့စခရင်မှာ မေးခွန်းသင်္ကေတတွေနဲ့ ဒေါသတကြီးကျိန်ဆဲမှုတွေဟာ ရှုပ်ရှက်ခတ်ပြည့်နှက်နေပေမယ့် ဒါက ရှားလော့ပေါ်ပြူလာဖြစ်ခြင်းကနေ ရပ်တန့်မသွားပါဘူး။
ကျစ်၊ ဒါက တကယ်ပဲ—
ဝမ်ဟွိုင်က ခေါင်းခါယမ်းလိုက်တယ်။
ဝမ်ဟွိုင်က ဒီကြိုဆိုပွဲပါတီမှာ ဘယ်လိုထူးထူးခြားခြားရပ်တည်ရမလဲဆိုတာကို အမှန်တကယ်ရှာတွေ့ခဲ့ပြီ။ တကယ်တော့ အမှန်တရားက ဒီတိုက်ရိုက်ထုတ်လွှင့်မှုဟာ သရဲတွေအတွက်အစီအစဉ်ဆိုတာကို သတိပြုမိသ၍ အတော်လေးရိုးရှင်းပါတယ်။ သူတို့တွေက ဒီအဓိကအကြံအစည်မှာ ဆရာဖြစ်နေဖို့ပဲ လိုပါတယ်။
အစောပိုင်းတုန်းကလူတွေက သူတို့ရဲ့ပြစ်မှုတွေအတွက် အကြောင်းပြချက်တွေဖော်ပြခဲ့ပြိး သူတို့ကိုယ်သူတို့ အပြစ်တင်ခံရခြင်းကနေလွတ်အောင်ကြိုးစားကြပေမယ့် ဒီအချက်ကို လျစ်လျူရှုထားခဲ့တယ်။ အပြစ်တင်ခံရခြင်းကနေကင်းလွတ်ဖို့အတွက်အကြောင်းပြချက်က လူတွေရဲ့အမြင်ပေါ်မှာပဲ အခြေခံနေပေမယ့် ဒီ'ကြည့်ရှုသူတွေ'ဟာ သရဲတွေပဲလေ။ သေသေချာချာတွေးကြည့်တာက လူတွေအတွက်အလုပ်ဖြစ်ပေမယ့် သူတို့အတွက်တော့ ဖြစ်နိုင်ချေမရှိပါဘူး။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Terrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...