225: Vol 16: 2

4.4K 651 10
                                        

Unicode

အကျဉ်းထောင်ထဲက အမှောင်ထုဟာ ပိန်းပိတ်အောင် မှောင်နေတယ်။

အတိတ်တုန်းက တခြားပုံတူကမ္ဘာတွေထဲမှာ မီးပိတ်လိုက်တယ်ဆိုရင်တောင်မှ ပြတင်းပေါက်အပြင်ဘက်က လရောင်ရှိနေသေးတယ်။ မှောင်မိုက်တဲ့တိမ်ထူနေရင်တောင် သို့မဟုတ်မုန်တိုင်းတိုက်ခတ်နေရင်တောင်မှ အပြင်ဘက်ကဝင်လာတဲ့ အလင်းရောင်မှိန်ဖျော့ဖျော့ရှိပါသေးတယ်။ သို့သော်လည်း ဒီနေရာမှာ ပြတင်းပေါက်မရှိပဲ သတ္တု သို့မဟုတ် သံနံရံသာ ရှိလေတယ်။ အလင်းရောင်ပိတ်သွားတာနဲ့ အထဲကလူတွေဟာ ကိုယ့်လက်ချောင်းတောင်မမြင်ရလောက်အောင် အမြင်အာရုံကို ဆုံးရှုံးသွားစေတယ်။ မျက်လုံးကို အနက်ရောင်ပိတ်စနဲ့ ဖုံးကာလိုက်သလိုပါပဲ။

မီးပိတ်ပြီးနောက် ပထမ ၁၀မိနစ်အထိ အပြင်ဘက်မှာ ဘာလှုပ်ရှားသံမှ မရှိပါဘူး။

ရှောင်လီက မာကြောတဲ့ကုတင်ပေါ်မှာ လဲလျောင်းနေတယ်။ သူ့မျက်လုံးတွေ မှိတ်ထားပြီး သူ့ဘယ်ဘက်အခန်းက ပတ်ဟီးဆွန်ရဲ့တစ်ဘက်ကိုလှည့်သွားသံနဲ့အတူ အသက်ရှုသံကို ကျယ်ကျယ်လေး ကြားနေရတယ်။ သူ အိပ်ရာပေါ်မှာ ခဏလောက်စောင့်နေပေမယ့် လမ်းကြောင်းကနေ မည်သည့်အသံမှ သူ မကြားရပါဘူး။

ရှောင်လီက အိပ်ရာပေါ်ကနေ ရိုးရိုးရှင်းရှင်းလှည့်ပြီး ထလိုက်တယ်။ အခန်းက အရမ်းမှောင်နေတာကြောင့် သူ ပထမဆုံး ကုတင်ပေါ်ကနေ တိုက်ရိုက်ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။ ကံကောင်းစွာနဲ့ ထန်လီက သူမရဲ့ဆံပင်နဲ့ သူ့ကို ထိန်းပေးလိုက်တယ်။ သူက တံခါးဆီ ဖြည်းဖြည်းချင်းသွားလိုက်ပြီး လက်တစ်ဖက်နဲ့ တံခါးကို မှီပြီး တံခါးမှန်ကို ဖြတ်ကာ လမ်းကြောင်းကို ကြည့်လိုက်တယ်။ အပြင်မှာ မှောင်နေပြီး မြင်ရတဲ့ပုံရိပ်မရှိပေ။

ရှောင်လီက အခန်းရဲ့တံခါးပေါ် လက်တင်ပြီး အနည်းငယ်အားထုတ်ကာ တွန်းလိုက်တယ်။ တံခါးက တကယ်ပဲ သော့မခတ်ထားတာကြောင့် အခု သူ ဒီကနေ ထွက်သွားလို့ရတယ်။

တစ်ခဏလောက်တွေဝေနေပြီးနောက် အပြင်ထွက်မယ့်အကြံကို လက်လျှော့လိုက်ပြီး ပြန်လှဲနေလိုက်တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now