Unicode
မူလတုန်းက ရှောင်လီဟာ IV သရဲနဲ့ ပိုနီတေးလ်သရဲတို့ကို တူညီတဲ့မိတ်ဆက်စကား ပြောချင်ခဲ့တယ်။ သို့သော်လည်း ဘောပင်နတ်သမီးနဲ့ ပါးစပ်ကွဲနေတဲ့မိန်းမတို့ရဲ့ တုန့်ပြန်မှုက သူ့ကိုရပ်တန့်စေပြီး အဲ့အစား အပေါ်ကိုပဲ ဆက်တက်သွားလိုက်တယ်။
အောက်ထပ်ကထုရိုက်သံတွေက ရှိနေတုန်းပဲ။ IV သရဲရဲ့ IV ကြိုးဟာ တံခါးလက်ကိုင်နှစ်ခုကို ညှပ်ထားပေမယ့်လည်း ကြာရှည်ခံမှာ မဟုတ်ပါဘူး။ ပြီးတော့ ဓါတ်လှေကားက အလုပ်မလုပ်တော့တာကြောင့် ကျန်တဲ့အလွှာတွေကို သူတို့ လှေကားကနေပဲ တက်လို့ရတော့တယ်။
အပေါ်ထပ်တက်တာက အောက်ဆင်းတာထက်ကို ပိုပြီး ခက်ခဲတယ်။ ရှောင်လီက သုံးလွှာလောက်တက်ပြီးကတည်းက ဟောဟဲလိုက်နေပြီ။ သူ့လက်တစ်ဖက်က လှေကားလက်ရန်းကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က အိတ်ကပ်ထဲ ထည့်ထားလေတယ်။ ဘောပင်နတ်သမီးက ထွက်မသွားသေးပဲ လေထဲမှာပဲ ရပ်တန့်နေတယ်။
ပါးစပ်ကွဲနေတဲ့မိန်းမက ဘောပင်နတ်သမီးကို အကဲခတ်နေတယ်။ ရှောင်လီက စကားမပြောသလို ပါးစပ်ကွဲနေတဲ့မိန်းမကလည်း တိတ်ဆိတ်နေတယ်။ နောက်ဆုံးမှာ သူမ သည်းမခံနိုင်တော့ပါဘူး။ သူမက ဘောပင်နတ်သမီးဆီ ခြေနှစ်လှမ်းလောက်လှမ်းလာပြီး ပုံမှန်ပဲ ပြောလိုက်တယ်။
"ငါ နင့်အကြောင်း ကြားဖူးတယ်"ဘောပင်နတ်သမီးရဲ့ခန္ဓာကိုယ်က လှုပ်ရှားသွားတယ်။
ပါးစပ်ကွဲနေတဲ့မိန်းမရဲ့အသံက လည်စည်းပုဝါကိုဖြတ်ပြီး မသဲမကွဲထွက်လာတယ်။
"သူတို့မေးတဲ့မေးခွန်းတွေကို ဖြေပေးပြီးတော့ နင်က အမှန်တရားကိုပဲ ပြောတယ်။ အဲ့ဒါဆို အခု ငါနင့်ကိုမေးလို့ရမလား၊ ငါ လှလား?"သူမက လည်စည်းပုဝါကိုဖြည်လိုက်ပြီး သူမရဲ့ ကွဲနေတဲ့ပါးစပ်၊ အသွေးအသားတွေဖြစ်နေတဲ့tခေါင်းပေါက်နဲ့ ချွတ်ထက်နေတဲ့သွားတွေကို ဖော်ထုတ်ပြလိုက်တယ်။ အမြင်တိုက်ခိုက်မှုက သူမပါးစပ်ကိုပြတဲ့အချိန်တွေအားလုံးထပ် ပိုပြီးပြင်းထန်လေတယ်။
မူလတုန်းက ပါးစပ်ကွဲနေတဲ့မိန်းမဟာ ဒါကို ရှောင်လီ့ဆီမှာ ထပ်မေးဖို့ စိတ်ဆန္ဒမရှိပါဘူး။ အခု သူမက ဘောပင်နတ်သမီးနဲ့ဆုံတွေ့ပြီး ဘောပင်နတ်သမီးက မေးခွန်းတွေဖြေနေတာကိုလည်း တွေ့လိုက်ရတယ်။ အဲ့ဒါကြောင့် သူမ မေးခွန်းမမေးပဲ မနေနိုင်တော့ပါဘူး။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Kinh dịငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...