202: Vol 15: 14

3.3K 681 11
                                    

Unicode

ရှောင်လီဟာ အိပ်မက်တစ်ခုကနေ နိုးလာတယ်။

မနေ့ညတုန်းက ရှန်ချန်ကျီးအခန်းထဲကထွက်လာပြီးနောက် သူ့အခန်းထဲ ပြန်လာခဲ့တယ်။ နဂိုတုန်းက ကော်ဖီရဲ့အကျိုးသက်ရောက်မှုဟာ သူ့လည်ပင်းနောက်က ကြွက်သားနဲ့အရေပြားပေါ်က ထုံထိုင်းမှုတို့ကြောင့် ပျောက်ကွယ်သွားပြီဖြစ်တယ်။ သူ အိပ်ရာပေါ်လှဲလိုက်တော့ အိပ်ချင်မူးတူးဖြစ်နေတယ်။ ထို့နောက် သူ တခြားအရာတွေအများကြီး မစဉ်းစားနိုင်တော့ပဲ အိပ်ပျော်သွားတော့တယ်။

ရှည်လျားတဲ့အိပ်မက်ကြီးတစ်ခုကို သူ မက်နေခဲ့တယ်။ ပင်လယ်ကြီးတစ်ခုကို အိပ်မက်မက်နေတာပဲ ဖြစ်တယ်။ ပင်လယ်ကအပြာရောင်ဖြစ်ပြီး ပင်လယ်ပေါ်မှာ ဖြာကျနေတဲ့ နေရောင်ခြည်ဟာ ပင်လယ်ရဲ့အပေါ်အောက်လှုပ်ခတ်နေမှုကြောင့် စိန်ပွင့်တွေလို တလက်လက်တောက်ပနေတယ်။ အချိန်နဲ့အမျှ ငါးတွေက ခုန်ခုန်မြူးနေပြီး ရေတွေဖြာကျနေတယ်။ အဝေးက ပင်လယ်နှင့်ကောင်းကင်ဟာ ခမ်းနားပြီးကျယ်ပြောလှတယ်။

အိပ်မက်ထဲမှာ ရှောင်လီဟာအိပ်မက်မက်နေမှန်း ရှင်းရှင်းလင်းလင်းသိနေပြီး သူ့ရဲ့လှုပ်ရှားမှုတွေကိုတောင်မှ ထိန်းချုပ်နိုင်လေတယ်။ သူက ကမ်းစပ်မှာရပ်နေပြီး အဝေးကပင်လယ်ကို ကြည့်နေတယ်။ ထို့နောက် သူလှည့်လိုက်တော့ အနောက်မှာ ကျွန်းအုပ်စုကို တွေ့လိုက်ရတယ်။

အလယ်တည့်တည့်မှာ ကြီးမားတဲ့ကျွန်းကြီးတစ်ခုရှိနေပြီး ကျန်တဲ့ကျွန်းသေးသေးလေးတွေက ဗဟိုတူစက်ဝိုင်းကဲ့သို့ ကျွန်းကြီးကို ညီညီညာညာဝန်းရံ တည်ရှိနေတယ်။ အလယ်ကကျွန်းပေါ်မှာ များပြားတဲ့အဆောက်အဦးတွေရှိနေပြီး အရှည်ဆုံးအဆောက်အဦးကတော့ ဘုရားကျောင်းတစ်ခု ဖြစ်တယ်။ ဘုရားကျောင်းက မြင့်မားတဲ့တောင်ပေါ်မှာ တည်ရှိနေပြီး အရမ်းကို သိသာပေါ်လွင်နေတယ်။ ဘယ်နှင့်ညာမှာ ဘုရားကျောင်းသေးသေးနှစ်ခုနဲ့ တြိဂံပုံစံ တည်ရှိနေတယ်။

ဘုရားကျောင်းရဲ့ နှစ်ဘက်လုံးမှာ စစ်သည်တော်ရုပ်ထု နှစ်ခုရှိလေတယ်။ သူတို့တွေက မာကျောတဲ့ခမောက်စောင်းထားပြီး လက်ထဲမှာ လက်နက်တွေကိုင်ထားကာ ဘုရားကျောင်းထဲကအရာတွေကို စောင့်ကြပ်နေပုံပင်။ စစ်သည်တော်ရုပ်ထုနှစ်ခုနှင့် ဘုရားကျောင်းကို ကောင်းမွန်စွာဖွဲ့စည်းတည်ဆောက်ထားပြီး ထူးခြားလိုက်ဖက်ညီတဲ့ အလှတရားဖြစ်စေတယ်။ ဒါကို အဝေးကနေတောင်မှ မြင်တွေ့နိုင်တယ်။ အလယ်မှာရှိတဲ့ဘုရားကျောင်းအပြင် တခြားဘုရားကျောင်းငယ်နှစ်ခုမှာလည်း လူခေါင်းနှင့်ခြင်္သေ့ခန္ဓာကိုယ်ပုံရုပ်ထုတစ်ခုဆီ စောင့်ကြပ်နေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now