Unicode
"ကြိုဆိုပွဲပါတီက စတင်ပါတော့မယ်။ ထောင်သားအားလုံး အခန်းထဲကထွက်လာပြီး ဆယ်မိနစ်အတွင်း ဓါတ်လှေကားပလက်ဖောင်းဆီ လာကြပါ"
"ထပ်ပြောပါမယ်။ ကြိုဆိုပွဲပါတီက စတင်ပါတော့မယ်။ ထောင်သားအားလုံး အခန်းထဲကထွက်လာပြီး ဆယ်မိနစ်အတွင်း ဓါတ်လှေကားပလက်ဖောင်းဆီ လာကြပါ"
ညအချိန် ရုတ်တရက်ကြေညာမှုက ထောင်ထဲကလူတိုင်းရဲ့လှုပ်ရှားမှုတွေကို ကြားဖြတ်လိုက်လေတယ်။
စီရင်ချက်အကျဉ်းထောင်ထဲမှာ ကြေညာသံက နေရာတိုင်းကိုလွင့်ပျံ့နေပြီး ပုံမှန်အစစ်အမှန်ကမ္ဘာကနဲ့ မတူပါဘူး။ သဘာဝလွန်စွမ်းအားတချို့ပါဝင်နေပြီး လူတိုင်းကြားနိုင်လောက်အောင် လျှောက်လမ်းတစ်လျှောက်ဖြတ်သန်းသွားပြီး အသံမရောက်တဲ့နေရာမရှိအောင် ပဲ့တင်ထပ်နေတယ်။
အပေါ်ကနေခုန်ချပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ အမျိုးသားက ပျောက်ကွယ်သွားတယ်။ ဘယ်သူမှ သန့်ရှင်းရေးမလုပ်ခဲ့ပါဘူး။ တစ်စက္ကန့်အတွင်းမှာပဲ ကူးပြောင်းဝင်ရောက်သူတွေက အပေါ်ကနေ အလောင်းကိုတွေ့ခဲ့ရတယ်။ နောက်တစ်စက္ကန့်မှာပဲ ပလက်ဖောင်းပေါ်ကအလောင်းဟာ အရည်ပျော်သွားသလိုကို ပျောက်ကွယ်သွားတယ်။ စွမ်းအားတစ်ချို့နဲ့ သန့်ရှင်းရေးလုပ်ခဲ့တာ ဖြစ်တယ်။
ဓါတ်လှေကားပလက်ဖောင်းက လောလောဆယ်ရပ်နေတဲ့လူတိုင်းကို အကြိမ်ပေါင်းများစွာ သယ်သွားနိုင်လောက်အောင် ကြီးမားကျယ်ပြန့်တယ်။ ရှောင်လီက အလယ်မှာ ရပ်နေတယ်။ သူက ရှန်ချန်ကျီးပေးထားတဲ့ ကုတ်အင်္ကျီနဲ့ လဲဝတ်ထားပြီးပြီ ဖြစ်တယ်။ လည်ပင်းလိုင်းတစ်လျှောက် အပေါ်ထိပိတ်ထားပြီး သူ့ကို တင်းတင်းကြပ်ကြပ်ဖုံးအုပ်ထားလေတယ်။
ဝမ်ဟွိုင်က သူ့နားလျှောက်လာပြီး ကြည့်လိုက်တယ်။
"မင်း ရေချိုးခဲ့တာလား? မင်းက အရမ်းကို အချိန်ဖြုန်းတာပဲ"
ရှောင်လီက သူ့ကို လျစ်လျူရှုထားလိုက်တယ်။ သူက ရှန်ချန်ကျီးကုတ်အင်္ကျီကို နွေးအောင်ဆွဲထားပြီး နောက်ထပ်လုပ်ဆောင်ရမယ့် ကြေညာချက်ကို စောင့်နေတယ်။ အခု သူက ကုတ်အင်္ကျီကို ဝတ်ထားတော့ ရှန်ချန်ကျီးက သူ့ထပ်အတော်လေးအရပ်ရှည်တာကို တွေ့ရှိသွားတယ်။ သူ့လက်ချောင်းတွေက အင်္ကျီလက်စကို ထိနေပြီး ပြီးတော့...
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Ужасыငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
