Unicode
သူမ ဒါကိုပြောတဲ့အချိန်မှာ သူ့အမေရဲ့လေသံထဲက ဘာပြောင်းလဲမှုမှမရှိတာကို ရွှီကျားဟန် ကြားလိုက်ရတယ်။ သူမက သူ စာကောင်းကောင်းမလုပ်တဲ့အချိန်တိုင်း ဆူပူနေကျအသံမျိုး ဖြစ်နေသေးပေမယ့် သူမက အဲ့လိုကြောက်စရာကောင်းတဲ့အရာကို ပြောနေတယ်။
ဗီရိုထဲမှာ ပုန်းနေခဲ့တဲ့မျက်လုံးတစ်စုံက သူ့စိတ်ထဲ ပေါ်လာတယ်။ အမှောင်ထုထဲမှာ သရဲတစ်ကောင် သူ့ကို စောင့်ကြည့်နေသလိုပါပဲ။
ရွှီကျားဟန်က သူ့လက်ကို ထိန်းချုပ်မနိုင်တော့ပဲ စခရင်ကို ရူးသွပ်စွာ နှိပ်လိုက်လေတယ်။ ဖုန်းထဲကနေ ဖုန်းကျသွားတဲ့အသံ ပေါ်လာပြီးနောက် သူ့ဖုန်းကို စားပွဲပေါ်ပစ်တင်ပြီး ခေါင်းလှည့်လာတယ်။ သူက ပြတင်းပေါက်ဘောင်၊ တံခါးအဟကြားနဲ့ တခြားနေရာတွေကို ဘယ်ပြန်ညာပြန် လျှောက်ကြည့်နေလေတယ်။
အခန်းထဲက ပြတင်းပေါက်နဲ့ တံခါးတွေကို တင်းတင်းကြပ်ကြပ်ပိတ်ထားတယ်။ ဟနေတဲ့နေရာ မရှိပေ။ အခြေအနေအရ ပုံမှန်လူတွေဆိုရင်တော့ ရွှီကျားဟန်ဘယ်မှာရှိနေလဲ မချောင်းကြည့်နိုင်ပေ။ သို့သော်လည်း သရဲအဖြစ်ပြောင်းသွားပြီဆိုရင်တော့ သရဲတစ်ကောင်အတွက် ပုန်းခိုစရာနေရာတွေ များလှတယ်။
ပန်းခြံထဲမှာ၊ ပြတင်းပေါက်အပြင်ဘက်မှာ၊ လှေကားထောင့်ချိုးမှာ၊ အိမ်ထဲမှာ၊ ကုတင်အောက်မှာ နှင့် တီဗွီဗီရိုကြားထဲက နေရာလွတ်ထဲမှာတောင်မှ...
သရဲ ရှိနိုင်ပါတယ်။
"သူမက ကျွန်တော့်ကို အမြဲစောင့်ကြည့်နေမယ်လို့ ပြောတယ်။ ကြားလိုက်လား? ကျွန်တော့်အမေက ဘာလို့ ဒီလိုဖြစ်လာရတာလဲ? အရင်တုန်းက အဲ့လိုမဟုတ်ခဲ့ဘူး"
ရွှီကျားဟန်က ကြောက်နေတဲ့ငှက်ပေါက်လေးလို နေရာအနှံ့မှာ သူ့အမေရဲ့မျက်လုံးရှိနေမလားလို့ လိုက်ရှာနေတယ်။
"ကျွန်တော် အပြင်မှာစာသွားလုပ်မယ်ဆိုပြီး လိမ်ခဲ့ဖူးတယ်။ တကယ်တော့ ကျွန်တော် ဂိမ်းသွားဆော့နေခဲ့တာ။ အဲ့အကြောင်းကို အချိန်အတော်ကြာအောင် သူမက အမြဲပြောနေခဲ့သေးတယ်။ တစ်ခါတစ်လေ သူမက ကျွန်တော့်အတန်းဖော်တွေကိုဖိတ်ပြီး ညစာကျွေးပြီး သူတို့ကို ကျေးဇူးတင်တယ်။ နောက်နေ့ကျ မုန့်ဖိုးလည်း ပိုပေးတတ်သေးတယ်။ ဘယ်လိုလုပ် အခုလိုဖြစ်သွားရတာလဲ?"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
