Unicode
တရားစီရင်ရေးတရားခွင်ပုံရိပ်ယောင်က လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ။
အဲ့ဒါက မျက်တောင်တစ်ခတ်စာအတွင်း ပျောက်ကွယ်သွားတာ ဖြစ်တယ်။ လူတိုင်းရဲ့ အပေါ်မျက်ခွံနဲ့အောက်မျက်ခွံတို့ မထိစပ်ခင်က ကျိုးပဲ့ပျက်စီးနေတဲ့နံရံတွေက အစစ်အမှန်ဖြစ်နေဆဲပဲ။ မျက်ခွံတွေထိတွေ့ပြီးတဲ့နောက်မှာတော့ ပျက်စီးနေတဲ့အဆောက်အဦးဟာ ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။
ရှန်ချန်ကျီးတစ်ယောက်ထဲကသာ ပျောက်ကွယ်သွားလေတယ်။
ရှောင်လီ့ခြေထောက်မှာ ချည်နှောင်ထားတဲ့တိမ်တွေလည်းပဲ ပျောက်ကွယ်သွားပြီးတော့ ဘာမှမဖြစ်ခဲ့သလိုပါပဲ။ လူငယ်လေးရဲ့လက်ချောင်းတွေ ကွေးညွတ်သွားပြီး ပြင်းပြင်ထန်ထန်အသက်ရှုထုတ်လိုက်တယ်။ အိမ်ပြန်လမ်းကိုရှာမတွေ့တဲ့ ငှက်ကလေးလို သူ့မျက်တောင်တွေက တုန်ယင်နေတယ်။
ဝမ်ဟွိုင်က သူ့ကိုခေါ်လိုက်တယ်။ "ရှားလော့..."
ရှောင်လီက သူ့ခေါင်းကိုမော့မလာပဲ မေးလိုက်တယ်။
"ပြင်းထန်တဲ့ပြစ်ဒဏ်ငရဲကို ငါ ဘယ်လို သွားရမလဲ?"
"မင်း?"
"ငါ့ကိုဖြေပါ"
ဝမ်ဟွိုင်က တခဏလောက်တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်တယ်။
"ငါ မသိဘူး။ စီရင်ချက်အကျဉ်းထောင်ရဲ့အောက်ဆုံးလိုင်းကို ထိစေနိုင်တဲ့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ပြစ်မှုကို ကျူးလွန်မှ ဒါမှမဟုတ် တရားစီရင်ရေးဖြစ်စဉ်ကို အဟန့်အတားဖြစ်စေမှ ဖြစ်မယ်ထင်တယ်။ ဒါက ငါ့ခန့်မှန်းချက်သက်သက်ပဲ"
သူက ရှောင်လီ့မျက်နှာကို စိုက်ကြည့်နေတယ်။
ဝမ်ဟွိုင်က ကူးပြောင်းဝင်ရောက်သူတွေကြားမှာ စုံတွဲတွေတော်တော်များများကို တွေ့ခဲ့ဖူးပါတယ်။ သူ့တို့အသက်အန္တရာယ်နဲ့ရင်ဆိုင်လာရင် အများစုက ဘေးအန္တရာယ်ကြားထဲမှာ လူခွဲပြီးပြေးဖို့ပဲ ရွေးချယ်ကြတယ်။ ပြီးတော့ သူတို့တွေက သူတို့အသက်အတွက် သူတို့အချစ်ကို ယစ်ပူဇော်လိုက်ဖို့ပဲ ဆန္ဒရှိနေတတ်တယ်။ လူနည်းစုသာ သူတို့ချစ်သူအတွက် သေပေးဖို့ဆန္ဒရှိကြတာကြောင် ဝမ်ဟွိုင်က ရှောင်လီ့ကို မနှစ်သိမ့်ပေးပဲ မနေနိုင်ပါဘူး။
"သူက ဒါကို မင်းအတွက် လုပ်ပေးခဲ့တာ—"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Terrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
