220

3.5K 627 25
                                    

Unicode

ရှောင်ဝူက သံတံခါးသော့ကို အထဲကနေဖွင့်လိုက်တယ်။ တစ်ချိန်ထဲမှာပဲ သူမက သူတို့ဝင်နိုင်အောင်လို့ သူမကိုယ်ကို ဘေးကပ်ပေးလိုက်တဘ်။ ရှောင်လီက သံတံခါးကိုကိုင်ထားပြီး ရယ်လင်းရှစ်မဝင်ခင် သူ့အသံကိုနည်းနည်းမြှင့်လိုက်တယ်။ စိတ်တိုစေတဲ့အဆင့်ထိတော့မဟုတ်ပေမယ့် မတိုင်ခင်တုန်းကလောက်လည်း မတိုးပေ။
"ငါတို့ မင်းမိဘတွေကို နှိုးမိသွားရင် ဘာဆက်ဖြစ်မှာလဲ?"

ရှောင်ဝူရဲ့အပြုံးက ပျောက်ကွယ်သွားတယ်။ "သူတို့တွေ ဒေါသထွက်လိမ့်မယ်။ သူတို့ကို ဒေါသ မထွက်စေနဲ့"

"သူတို့ဒေါသထွက်ရင် ငါတို့ကို မောင်းထုတ်မှာလား?"

ရှောင်ဝူက မယုတ်မလွန်အမူအရာနဲ့ လှည့်လိုက်ပြီးနောက် သစ်သားတံခါးကို ဖွင့်လိုက်တယ်။

ရယ်လင်းရှစ်က ရှောင်ဝူကို စာထပ်ပို့လိုက်တဲ့အချိန်မတိုင်ခင်ထဲက ဖုန်းမီးရဲ့အလင်းရောင်နဲ့ အစားထိုးခဲ့တာကြောင့် မီးလုံးတစ္ဆေက ရှောင်လီ့အိတ်ကပ်ထဲမှာ အချိန်အတော်ကြာထဲက ဝင်သွားပြီ ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ဖုန်းကအလင်းရောင်က မိန်းကလေးရဲ့အနောက်ဘက်အခန်းကို လင်းသွားပြီး ခေတ်ဟောင်းအဆောက်အဦးရဲ့ကြမ်းပြင်ကို တွေ့လိုက်ရတယ်။ ကြမ်းပြင်ပေါ်မှ ခြစ်ရာတွေအများကြီးရှိနေပမယ့် ဖုံရှိမနေပါဘူး။ အထဲမှာ လူနေမှန်း သိသာထင်ရှားတယ်။

ရယ်လင်းရှစ်က ကြီးမြတ်သူနှစ်ယောက်နဲ့ မျက်လုံးချင်းဆက်သွယ်လိုက်ပြီး အထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီဟောင်းနွမ်းယိုယွင်းနေတဲ့အိမ်က အတော်လေး သေးငယ်တယ်။ အိပ်ခန်း၂ခန်းနဲ့ ဧည့်ခန်းတစ်ခန်းသာ ရှိလေတယ်။ ဆိုဖာတွေရဲ့တည်ရှိမှုနဲ့ ထမင်းစားစာပွဲရှိတာကြောင့် လူအုပ်က မတ်တပ်ရပ်စရာနေရာမရှိပါဘူး။

ပင်မအိပ်ခန်းတံခါးက တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး တံခါးဘေးမှာ ရေကယားတစ်ခု ရှိတယ်။ အလင်းရောင်ဖျော့ဖျော့က မိန်းကလေးအခန်းရဲ့ပုံရိပ်တွေကို ဝိုးတဝါးမြင်ရတယ်။ စားပွဲပေါ်မှာ laptop တစ်လုံးတင်ထားပြီး စောင်က အိပ်ရာပေါ်မှာ ကြုံသလိုပြန့်ကျဲနေတယ်။ ကြမ်းပြင်ပေါ်မှာ ကော်ဇောခင်းထားတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now