Unicode
အစရှိလာပြီဆိုတာနဲ့ နောက်ကလိုက်လာတဲ့အရာရာတိုင်း ယုတ္တိရှိလာပါတယ်။
ရှောင်လီက ကြောင်ကုတ်တတ်တဲ့ဘောင်အစွန်းနားမှာ ဒူးထောက်ထိုင်လိုက်ပြီး ကြောင်ဖြူလေးကို ပွတ်သပ်ကျီစယ်ဖို့ လက်လှမ်းလိုက်တယ်။ ကြောင်ဖြူလေးက မျက်စိကိုမှေးထားရင်း သူ့မေးစေ့ကို မြင့်မြင့်မော့ပြီး လည်ချောင်းထဲကနေ ပျော်ရွှင်တဲ့ကြောင်အီသံလေးတွေ ထုတ်နေတယ်။ သူ့နားမှာတော့ ကြောင်နက်လေးက ဆိုဖာပေါ်မှာ တိတ်တဆိတ်လှဲနေပြီး မျက်လုံးတွေကိုဖွင့်ကာ သူ့ရှေ့ကမြင်ကွင်းကို ကြည့်နေတယ်။ သူ့အမြှီးက အနောက်မှာ ဆက်တိုက်လှုပ်ရှားနေပြီး သူ့အကြည့်ကို လွှဲလိုက်တယ်။ ရှောင်လီက သူ့ခေါင်းကို လှည့်လိုက်ပြီး ကြောင်နက်လေးကို ပွတ်ပေးလိုက်တယ်။ ကြောင်နက်လေးက မလှုပ်ရှားပေမယ့် ထိတွေ့ခံနေရတဲ့တလျှောက်လုံး မပျော်ရွှင်တဲ့အမူအရာအတိုင်းပဲ နေနေတယ်။
အဲ့ဒီညပြီးတဲ့နောက် ရှန်ချန်ကျီးက သူ့ကို ရှောင်လီ့အိမ်ပြောင်းလာခွင့်ပေးဖို့ ချော့မော့ပြောဆိုခဲ့တယ်။ ရိုးရှင်းစွာပဲ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်တို့က 'ကြောင်ဖြူလေးက ရှောင်လီ့ကို သဘောကျလို့'ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့လာခဲ့တယ်။
ကြောင်နက်လေးက တချိန်လုံးသူ့အမွှေးတွေ ထောင်ထားတယ်။ သူ့ပိုင်နက်နယ်မြေရဲ့ခံစားချက်က အရမ်းကိုပြင်းထန်တယ်။ ရက်သတ္တပါတ်အနည်းငယ် ကျော်ဖြတ်ပြီးတာတောင်မှ သူက ကြောင်ဖြူလေးကို လျစ်လျူရှုထားဆဲဖြစ်ပြီး ရံဖန်ရံခါ အနည်းငယ်ရန်လိုပါသေးတယ်။
ရှောင်လီက နောက်ထပ်ကြောင်စာဘူးတွေဖွင့်ပြီး သူ့ကို ချော့မော့ဖို့ ကြိုးစားတယ်။
ကြောင်နက်လေးက မူလတုန်းက စစ်အေးတိုက်ပွဲမှာ ဆက်ပြီး တွယ်ကပ်ချင်နေသေးတယ်။ သို့သော်လည်း ကြောင်စာဘူးက အရမ်းကိုမွှေးလွန်းတယ်။ သူ့ပန်းရောင်နှုတ်သီးလေးတွေနဲ့ နှစ်ကြိမ်လောက်အနံ့ခံပြီးတဲ့နောက် သည်းမခံနိုင်တော့ပါဘူး။ သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး ထလာကာ အစာဘူးကို စတင်စားတော့တယ်။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
