Unicode
ပါးစက်ကွဲနေနဲ့မိန်းမရဲ့ခြိမ်းခြောက်မှုအောက်မှာ စာရေးဆရာသရဲက သူ့လက်ကိုလွှတ်ပေးလိုက်ပြီး laptop နဲ့အကွာအဝေးကို ချဲ့ပေးလိုက်တယ်။ ဒီကတ်ကြေးတွေ နောက်ဆုတ်သွားတဲ့အချိန်အတွင်းမှာလည်း လက်သီးဆုတ်က ပါးစပ်ကွဲနေတဲ့မိန်းမရဲ့အလှတရားကို ချီးကျူးမြှောက်ပင့်နေသလို အဆက်မပြတ်ခေါင်းညိတ်နေတုန်းပါပဲ။
ကြီးမားတဲ့ကတ်ကြေးက အသာလေးရွေ့သွားပြီး စာရေးဆရာသရဲက သူ့ညာလက်နဲ့ ကတ်ကြေးရဲ့ဘေးကို ဖိလိုက်တယ်။ ပါးစပ်ကွဲနေတဲ့မိန်းမက အားအနည်းငယ်သုံးပြီး စိတ်မရှည်တဲ့အမူအရာနဲ့ သူမရဲ့လက်နက်ကို ပြန်ဆွဲလိုက်တယ်။ သူမက ထွက်ခွါသွားဖို့ ပြင်ဆင်လိုက်တယ်။
သို့သော်လည်း သူမ မထွက်သွားမီ ရှားလော့ရဲ့စကားတွေကို တွေးမိသွားပြီး သူမရဲ့ကတ်ကြေးထိပ်ကို နည်းနည်းလှုပ်ရှားလိုက်တယ်။ စာရေးဆရာသရဲက ကြောက်လန့်တကြား သူ့လက်တွေကို တူတူထားလိုက်တယ်။ လက်ညိုး လက်ညိုးခြင်းထိပြီး လက်မ လက်မခြင်းထိထားလိုက်တယ်။ ပါးစပ်ကွဲနေတဲ့မိန်းမကို အသဲပုံ ပုံစံလုပ်ပြလိုက်တယ်။
ပါးစပ်ကွဲနေတဲ့မိန်းမ : "......."
ကလစ်ကနဲ့တစ်ချက်မြည်သွားပြီး စာရေးဆရာရဲ့လက်ခလယ်က အရှည်ဆုံးလက်သည်းကို ညှပ်လိုက်တယ်။ အဖြူရောင်လက်သည်းစက ကော်ဇောပေါ်ကျသွားပြီး လက်ခလယ်က တခြားလက်တွေနဲ့တူတူထားလိုက်တော့ တိုသွားလေတယ်။ ပါးစပ်ကွဲနေတဲ့မိန်းမက လက်သည်းထိုးတဲ့အနုပညာရှင်အဖြစ် ဧည့်သည်ရဲ့နေရာကိုယူဖို့ စိတ်ဝင်စားပုံမပေါ်ပေ။ အဲ့ဒါကြောင့် သူမက လက်ခလယ်လက်သည်းကိုပဲညှပ်ပေးပြီး အခန်းထဲကနေ ပျောက်သွားတော့တယ်။
စာရေးဆရာသရဲက သူ့လက်ခလယ်လက်သည်းကို တစ်ခြားလက်နဲ့ ပွတ်သပ်နေတုန်း ရှောင်လီက သူ့ရှေ့က laptop ကို ဆွဲယူလိုက်တယ်။ ကွန်ပြူတာပေါ်က ကြားခံဟာ 'သူနှင့်သူမ'ဝတ္ထုရဲ့ web version ထဲမှာ ရှိနေဆဲ ဖြစ်တယ်။ စာရေးဆရာသရဲက အစောပိုင်းက ကွန်မန့်တွေကို စာပြန်နေဆဲပဲ။
သူက မောက်စ်ကို ရွှေ့လိုက်ပြီး စာရေးဆရာရဲ့ဝတ္ထုကို edit လုပ်တဲ့ကြားခံကို ဝင်လိုက်တယ်။ ဝတ္ထုက ခုလေးတင် update ထားတဲ့ နောက်ဆုံးအပိုင်းမှာ ရှိနေဆဲပါပဲ။ ထူးဆန်းတဲ့အရာက စာရေးဆရာရဲ့ ID က အလွတ်ဖြစ်နေတယ်။ ကျွေ့ထျန်းကိုယ်တိုင်ပဲ အဲ့လိုထားထားတာလား အရိပ်အမြွက်တချို့လားဆိုတာတော့ သူ မသိပါဘူး။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...