Unicode
မြို့ကြီးတွေဟာ အမြဲတမ်း ညမှာ မီးတွေထွန်းလင်းတောက်ပနေတာပဲ။
အစစ်အမှန်ကမ္ဘာထဲက မြို့တွင်းတစ်နေရာမှာ အထပ်မြင့်အဆောက်အဦးတွေရှိတဲ့ စီးပွါးရေးအချက်အချာကျတဲ့ဧရိယာအနီးနားမှာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အဆောက်အဦးတွေကြားထဲမှာ ဝှက်ထားတဲ့ လမ်းကျဉ်းလေးတစ်ခု ရှိလေတယ်။
အဲ့ဒီလမ်းဟာ အနားမှာရှိတဲ့မြို့ခံလူတွေဟောင်းတွေအားလုံးသိတဲ့ အစားအသောက်လမ်းလမ်းပဲ ဖြစ်တယ်။ ညနေ ၄နာရီကနေ စဖွင့်ပြီး နောက်မနေ့မနက်စောစောအချိန်မှာ ပိတ်တယ်။ လမ်းရဲ့ဘယ်နဲ့ညာမှာ ဆိုင်တွေအများကြီးရှိပြီး ငါးကင်၊ ကြက်စတူးနဲ့ ကျောက်ပုစွန် စသဖြင့် ရောင်းကြတယ်။
အဲ့ဒီအချိန်မှာ ညနေ ၇နာရီတောင် မရှိသေးပါဘူး။ စောလှတဲ့ဆောင်းဦးရာသီညက လုံးလုံးဝင်ရောက်လာတယ်။ ဒီလမ်းရဲ့ဘာဘီကျူးဆိုင်ပိုင်ရှင်က အေပရွန်အောက်မှာ လက်ရှည်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး မီးသွေးနဲ့မီးမွှေးရင်း ဘေးမှာရပ်နေတယ်။ သူ့ဘေးမှာ အော်ဒါလာမှာတဲ့ကောင်လေးက စောင့်နေလေတယ်။
လမ်းအဆုံးမှာလူငယ်လေးတစ်ယောက် မတ်တပ်ရပ်နေတယ်။ သူက ဘာအဆင်တန်ဆာမှမပါပဲ အပြာနုရောင် Denim ဂျင်းဂျာကင်ကို ဝတ်ဆင်ထားပြီး ညရဲ့ ကြယ်ပွင့်လေးလိုပါပဲ။ ရှောင်လီက လမ်းဆိုင်းဘုတ်ကိုကြည့်ပြီး သူ့ဖုန်းထဲကလိပ်စာမမှားအောင် နှစ်ခါပြန်စစ်ဆေးလိုက်တယ်။ သူက နေရာမှားရောက်လာတာမဟုတ်မှန်း တွေ့သွားတဘ်။
သူ စတိုင်လန်းမြို့ထဲမှာရှိခဲ့တုန်းက ဖြစ်ပျက်ခဲ့တာတွေပါပဲ။ ညဘက် ဝမ်ဟွိုင်ဆီသွားတဲ့နေ့တုန်းက သူတို့က အစစ်အမှန်ကမ္ဘာအတွက် ဖုန်းနံပါတ်တွေလဲခဲ့ကြတယ်။ သူတို့ အစစ်အမှန်ကမ္ဘာဆီပြန်ရောက်ပြီးနောက်တစ်နေ့မှာ ဝမ်ဟွိုင်က သူ့ကိုဆက်သွယ်ပြီး အချိန်နဲ့နေရာပြောခဲ့တာပင်။
ဝမ်ဟွိုင်က ဒီလိုနေရာမှာ တွေ့ဖို့ပြောမယ်လို့ ရှောင်လီ မမျှော်လင့်ထားပေ။
သူက လမ်းပေါ်ကလမ်းသွားလမ်းလာတွေနဲ့ ပုခုံးချင်းယှဉ်လျက် လမ်းဆိုင်းဘုတ်ကို ကျော်ဖြတ်လာခဲ့တယ်။ စျေးဝယ်သူအများစုက ဒီအနီးနားမှာနေတဲ့လူတွေပါပဲ။ နောက်ဆုံး ရှောင်လီက သူရှာနေတဲ့လူကို ကျောက်ပုစွန်ဆိုင်ရှေ့မှာ တွေ့လိုက်ရလေတယ်််။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Terrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
