267: Vol 17: 24

2.3K 459 19
                                    

Unicode

ဆန့်ကျင်ဘက်မှာရှိနေတဲ့အမျိုးသားက ရှောင်လီ့အမူအရာကို လုံးဝမတွေ့သလိုပါပဲ။ သူက သူ့ရဲ့သစ်သားမျက်နှာအမူအရာကို ထိန်းသိမ်းထားပြီး ဆက်ပြောတယ်။
"လူသားတွေက ဘာများ ကောင်းနေလိုလဲ? သူတို့တွေက ပျက်စီးလွယ်တယ်၊ သေးငယ်ပြီးတော့ စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး"

ရှောင်လီဟာ နောက်ဆုံးတော့ လှုပ်ရှားလာတယ်။ သူက အရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး မြို့တစ်မြို့လုံးကို လှမ်းမြင်နေရတဲ့ ပြတင်းပေါက်တွေဆီကို လျှောက်လာလိုက်တယ်။ မိုးက အရမ်းသည်းထန်နေပြီး မှုန်ဝါးဝါးအလင်းရောင်ကိုသာ ဝိုးတဝါးတွေ့ရတယ်။ ရှောင်လီ့ရှေ့ကပြတင်းပေါက်ဟာ မူလတုန်းက ပိတ်ထားပေမယ့် သူက လက်နဲ့ တွန်းဖွင့်လိုက်လေတယ်။

ပြင်းထန်တဲ့မိုးရေစက်တွေက သူ့မျက်နှာနဲ့ အဝတ်အစားတွေပေါ် ကျရောက်လာတယ်။ မိုးရေစက်တွေက သူ့မေးစေ့ကနေ တစက်စက်ကျလာပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်းပဲ စိုစွတ်သွားစေတယ်။ အဲ့ဒီတိုင်အောင် သူက ဒီလိုနည်းလမ်းနဲ့ ကမ္ဘာကြီးကို ပိုပြင်းရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။

မြို့ခံအဆောက်အဦးတွေနဲ့ တခြားအဆောက်အဦးတွေက အလင်းရောင်တောက်ပနေချိန်မှာ ကောင်းကင်က မှောင်မိုက်နေတယ်။ လေနဲ့မိုးထဲမှာ ဒီ သေးငယ်တဲ့ အလင်းစက်တွေက ကောင်းကင်ကို မပြိုလဲအောင် ထောက်ထားတဲ့ တိုင်တစ်ခုလို ထောင့်ချိုးတိုင်းမှာ သူတို့နည်းလမ်းနဲ့ သူတို့တိုက်ခိုက်နေဆဲဖြစ်တဲ့ ကူးပြောင်းဝင်ရောက်သူတွေကို ထောက်ပံ့ပေးနေတယ်။ မိုးရေတွေက ကြယ်စင်တွေလို မြို့နဲ့လယ်ကွင်းတွေကို ရိုက်ခတ်နေပြီး ကမ္ဘာကြီးကို နိုးထလာဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတယ်။

ရှောင်လီ့ရှေ့က အက်ကွဲကြောင်းရာတွေက အပိုင်းအစရုပ်ပုံထဲက မြင်ကွင်းကို ဖြတ်တောက်လိုက်တယ်။

"တကယ်တော့ ငါ အဲ့အကြောင်းကို အရင်က စဉ်းစားဖူးတယ်။ တချို့တည်ရှိမှုတွေအတွက် လူသားသက်တမ်းဟာ အရမ်းကိုပဲ တိုတောင်းလွန်းတယ်။ ငါတို့တွေက မတူညီတဲ့ဘဝဖွဲ့စည်းပုံနှစ်ခုဖြစ်ပြီး ငါတို့အချင်းချင်း နားမလည်နိုင်ပါဘူး"
ရှောင်လီက ဖြည်းဖြည်းချင်းပြောလိုက်တယ်။
"ဒါပေမယ့် ငါကတော့ အဲ့လိုမထင်ဘူး။ ငါ့မတွက်တော့ လူသားတွေဟာ မင်းတို့တည်ရှိမှုတွေထက် ပိုကောင်းတယ်။ သူတို့တွေက နုနယ်ပျက်စီးလွယ်ပေမယ့် လှပပြီး မျှော်လင့်ချက်တွေ အပြည့်ရှိတယ်"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now