Unicode
အောက်ထပ်က နံပါတ် '22000-23000' ကို ထားတဲ့ အလွှာဖြစ်တယ်။ အပေါ်ထပ်လိုပဲ ထောင်သားတွေရဲ့အခန်း၊ စားသောက်ဆိုင်၊ ဆေးခန်းနဲ့ စာကြည့်တိုက်ဆိုပြီး ခက်ရင်းခွပုံလမ်းလေးခွရှိတယ်။
အလွှာတစ်ခုစီတိုင်းမှာ အပြိုင်ရှိနေတဲ့ ထောင်သားတွေရဲ့အခန်းကလွဲလို့ကျန်တဲ့လမ်းကြောင်းသုံးကြောင်းက နောက်ဆုံးမှာ အတူတူစုစည်းသွားတယ်။ သူတို့က ဘုံဧရိယာ ဖြစ်တယ်။
ဒီအလွှာမှာ အကျဉ်းသားဟောင်းတွေနေထိုင်ပြီး အပါ်ထပ်မှာထပ် ပိုပြီး မီးခိုးငွေ့ထူထပ်တယ်။
အနည်းဆုံး ရှောင်လီဖြတ်လာတဲ့အခန်းတော်တော်များများမှာ ယွီယို့အခန်းလိုမျိုး မီးခိုးငွေ့တွေ လုံးဝမဲမှောင်ရင်မဲမှောင် သို့မဟုတ် အညိုနက်ရောင် သွေးစအနာဖေးဖက်တွေနဲ့ပိုတူတဲ့ ခြောက်သွေ့နေပြီဖြစ်တဲ့ သွေးကွက်တွေ စွန်းထင်းနေတဲ့ အိပ်ရာတွေ ရှိနေတတ်တယ်။ တချို့အခန်းတွေဆိုလည်း လက်ရန်းတွေအပါအဝင် ကုတ်ခြစ်ရာဗရပွနဲ့ နံရံတွေ ရှိနေတယ်။ အဲ့ထဲက အကျဉ်းသားတွေဟာ ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရမလဲဆိုတာ ဒီအမှတ်အသားတွေကိုကြည့်ရုံနဲ့ ပုံဖော်လို့ရတယ်။
အကြမ်းဖျင်းခန့်မှန်းချက်အရ ဒီအလွှာက အခန်းတွေဟာ အနည်းဆုံး မတူညီတဲ့ ပျက်စီးထိခိုက်မှုငါးမျိုးလောက် ရှိနိုင်တယ်။
ကျန်းရီက ထိတ်လန့်တုန်လှုပ်နေတယ်။ "ဒါတွေအားလုံးက သရဲတွေကြောင့် ဖြစ်ထားတာလား?"
"အဲ့ဒါ မနေ့ညတုန်းက ထောင်စောင့်ပဲလား? တခြားသရဲတစ်ကောင်လား?"
ပတ်ဟီးဆွန်က သူ့ဖုန်းကို ထုတ်ယူပြီးအခန်းတွေကို တစ်ခန်းချင်း တစ်ခန်းချင်း ဓါတ်ပုံရိုက်နေတယ်။ နောက်မှ ဖြည်းဖြည်းချင်း လေ့လာဖို့အတွက် သူ့ဖုန်းထဲမှာ ပုံတွေကို သိမ်းထားလိုက်တယ်။ရှောင်လီ : "အဲ့ဒါက သရဲနဲ့မတူဘူး။ ငါ မမှားဘူးဆိုရင် ဒါက လမ်းကြောင်းပြီးတဲ့နောက် အပြစ်နဲ့သက်ဆိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်လောက်တယ်။ နတ်ဘုရားလောကဟာသတစ်ခုကို မင်းတို့ ဖတ်ဖူးကြလား?"
ဝမ်ဟွိုင်က ရုတ်တရက် ရွတ်ဆိုပြတယ်။
"ကျွန်ုပ်မှတဆင့် အဆုံးမဲ့နာကျင်မှုရဲ့မြို့တော်သို့၊ ကျွန်ုပ်မှတဆင့် ထာဝရဆင်းရဲတွင်းဆီသို့၊ ကျွန်ုပ်မှတဆင့် အဆုံးမဲ့လူအုပ်ကြီးထဲသို့... ဝင်ရောက်လာသူများသည် ဧကန်မုချ မျှော်လင့်ချက်အားလုံးကို ဖြတ်တောက်ရလိမ့်မည်။ မာန၊ မာနကိုရှောင်ကြဉ်ရန် ပြင်းထန်လေးလံသောအပြစ်ပေးမှုကို သည်းခံရမည်။ မနာလိုမှု၊ မနာလိုမှုကိုရှောင်ကြဉ်ရန် မျက်လုံးကို အပ်နှင့်ချုပ်ရမည်။ အမျက်ဒေါသ၊ အမျက်ဒေါသကိုရှောင်ကြဉ်ရန် အနက်ရောင်မီးခိုးနှင့် အပြစ်ပေးခံရမည်။ ပျင်းရိခြင်း၊ ပျင်းရိခြင်းကိုရှောင်ကြဉ်ရန် ပြေးလွှားခြင်းဖြင့် အပြစ်ပေးခံရမည်။ လောဘကြီးမှု၊ လောဘကြီးမှုကိုရှောင်ကြဉ်ရန် လှဲနေချိန်တွင် အပြစ်ပေးခံရမည်။ အစားကြူးမှု၊ အစားကြူးမှုကိုရှောင်ကြဉ်ရန် ဆာလောင်မှုဖြင့် အပြစ်ပေးခံရမည်။ တဏှာကြီးမှု၊ တဏှာကြီးမှုကိုရှောင်ကြဉ်ရန် မီးတောက်ဖြင့်အပြစ်ပေးခံရမည်"

YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...