214: Vol 15: End

4.2K 739 40
                                        

Unicode

ရှောင်လီက သူ့ကို အလိုအလျောက်ခေါ်လိုက်တယ်။ "မင်း—"

ရှန်ချန်ကျီးက ရပ်တန့်ပြီး ပြုံးပြလိုက်တယ်။
"ကိုယ့်ကိုခွင့်ပြုလိုက်ဖို့ကို မင်း မလုပ်နိုင်ဘူးလား?"

ရှောင်လီက မျက်မှောင်ကြုပ်ပြီး စကားမပြောပါဘူး။

ရှန်ချန်ကျီးက သူ့ကို နူးနူးညံ့ညံ့ကြည့်လိုက်ပြီး တီးတိုးပြောလိုက်တယ်။
"စိတ်မပူနဲ့။ ကိုယ်ပြန်လာခဲ့မယ်"

"ကိုယ် မင်းရဲ့အကဲဖြတ်မှုကို ယုံကြည်တယ်" သူ့အသံက တိုးတိတ်ညှင်သာလှတယ်။
"ပြီးတော့ ကိုယ်မင်းကို တစ်ယောက်ထဲ ဘယ်လိုလုပ်ပြီး ထားခဲ့နိုင်ပါ့မလဲ?"

***

[ကူးပြောင်းဝင်ရောက်သူရှောင်လီဟာ တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့တယ်။ မင်းက ထွက်ခွါသွားဖို့ ပထမဆုံးရည်ရွယ်ခဲ့ပြီး စတိုင်လန်းရဲ့အပြိုင်ကမ္ဘာအိပ်မက်ကို ချိုးဖောက်ခဲ့တယ်။ အဆင့်သတ်မှတ်ချက် S နှင့် တာဝန်ပြီးမြောက်မှု ဒီဂရီ 89% ဖြစ်တယ်။ ရှင်သန်လွတ်မြောက်သူအကြွေစေ့ 5000 ကိုရရှိခဲ့ပေမယ့် အိပ်မက်ဆရာသခင် Hypnos ကို ထပ်ခါထပ်ခါစော်ကားခဲ့တာကြောင့် မင်းရဲ့ဆုလာဒ်ကို အကျိုးသက်ရောက်ခဲ့တယ်။ ဒီတစ်ခေါက် မင်းဟာ ရှင်သန်လွတ်မြောက်သူအကြွေစေ့ 44 ခုသာ ရရှိခဲ့တယ်။]

ရှန်ချန်ကျီးနောက်လိုက်ပြီး မြို့ထဲကထွက်လာတဲ့ရှောင်လီ : "......."

ဒီနတ်ဘုရားက အရမ်းအမြင်ကျဉ်းပြီး ကပ်စေးမနည်းလွန်းဘူးလား?

[မင်းဟာ အတ္တလာတိတ်ရဲ့ဝှက်ထားတဲ့ဝိဥာဉ်ကို လှုံ့ဆော်ခဲ့ပြီး ၎င်းနှင့် စကားပြောခွင့်ကိုရရှိခဲ့တဘ်။ စည်းမျည်းတွေကတော့ တွက်ချက်နေတုန်းပါပဲ...]

[ဇာတ်ညွှန်းပြောင်းလဲခြင်း]

[3, 2, 1–]

အဝါရောင်စာအုပ်လေးထဲက ဒီစကားလုံးတွေနဲ့အတူ သူ့ရှေ့ကကမ္ဘာကြီးဟာ ဖန်သားလို အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားတာကို ရှောင်လီခံစားလိုက်ရတယ်။ မီးခိုးရောင်မြူတွေက ဒီရေလိုတတ်လာပြီး ရင်းနှီးနေတဲ့ ကူးပြောင်းမှုက သူ့ခြေထောက်အောက် ရောက်လာတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now