Unicode
"အကူအညီတောင်းတဲလူက ပြဿနာရှိတယ်။ ဂရုစိုက်ကြ"
ရယ်လင်းရှစ်က သူနဲ့ခေါ်လာတဲ့လူနှစ်ယောက်ကိုပြောလိုက်တယ်။ ကျန်တဲ့နှစ်ယောက်ကတော့ သူ့ညွှန်ကြားချက်တွေ မလိုအပ်ပါဘူး။သူတို့တွေ လှေကားပေါ်တတ်လာကြတယ်။ ခေတ်ဟောင်းအဆောက်အဦးရဲ့လှေကားက ဖုန်တွေနဲ့အပြည့်ပဲ။ လှေကားလက်ကိုင်က သံချေးတတ်နေပြီ အသံနဲ့လင်းတဲ့အလင်းစနစ်လည်း မရှိပါဘူး။ ကံကောင်းစွာနဲ့ မီးလုံးတစ္ဆေက အရှေ့ကနေ လေထဲလွင့်ပြီး သွားနေတာ။
လေးလွှာရဲ့ ပထမဆုံးအလွှာကနေ အလွှာတစ်ခုစီတိုင်းမှာ အိမ်ထောင်စုသုံးစုရှိတယ်။ ဒီနေရာမှာ တံခါးနှစ်ချပ်ဒီဇိုင်း ဖြစ်တယ်။ အပြင်ဘက်အပိုင်းက သံတံခါးဖြစ်ပြီး သံလက်ရန်းပါတယ်။ အတွင်းကတော့ ရိုးရာသစ်သားတံခါး ဖြစ်တယ်။ တံခါးပေါ်တတ်နေတဲ့ဖုန်ပမာဏကနေ ဆုံးဖြတ်ရရင် ဒီနေရာမှဦ လူနည်းနည်းတော့ နေနေတုန်းပါပဲ။ မိသားစုအများစုဟာ ပြောင်းရွှေ့သွားကြပြီး ဒီတံခါးတွေဟာ မဖွင့်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။
သူတို့တွေက ခြေလှမ်းတိုင်းကို သတိကြီးကြီးထားခဲ့ပြီး မကြာခင်ပဲ လေးလွှာကို ရောက်လာတယ်။ အဲ့ဒီလူပေးထားတဲ့ အခန်းနံပါတ်က ၄၀၁ ပါပဲ။
လူတိုင်းအံ့ဩနေတာက အိမ်ရဲံတံခါးပေါ်မှာ ဖုန်တွေ အတော်ထူထူတတ်နေလို့ပါပဲ။ ရယ်လင်းရှစ်က အရှေ့မှာရပ်နေပြီး သူ့လက်နဲ့ ဖုံတွေကို သုတ်လိုက်တယ်။ တံခါးက တစ်ခါမှ မထိထားသလို သူ့လက်မှာ ဖုံတွေ ပေကုန်တယ်။ တံခါးလမ်းလည်း တူတူပါပဲ။ ခြေရာမရှိပဲ ဖုံတွေပဲ ရှိနေတယ်။ ပြတင်းပေါက်ရှေ့မှာ သစ်ရွက်ခြောက်အနည်းငယ်လွင့်မျောနေပြီး ပိုးဟပ်သေတစ်ကောင်ရှိတယ်။ အရာရာတိုင်းဟာ အချိန်ကာလတစ်ခုနဲ့ စည်းတားထားသလိုပါပဲ။
ရယ်လင်းရှစ်က တခြားလူတွေကိုကြည့်လိုက်တယ်။ သူက အကူအညီတောင်းတဲ့လူကို နှောင့်ယှက်မိမှာကိုစိုးရိမ်လို့ စကားတစ်လုံးမှ မပြောရဲပါဘူး။ သူ့ဖုန်းမှာ စာတစ်ချို့ရိုက်လိုက်ပ်ြီးနောက် တခြားလူတွေကိုပြလိုက်တယ်။
[မင်းတို့ ဝင်ကြည့်ချင်လား?]
![](https://img.wattpad.com/cover/340252401-288-k286575.jpg)
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...