198: Vol 15: 10

3.3K 698 58
                                    

Unicode

သူတို့မလွတ်နိုင်ဘူးဆိုကတည်းက ရင်ဆိုင်လိုက်ဖို့ကိုပဲ ရွေးချယ်ရတော့မယ်။ ကူးပြောင်းဝင်ရောက်သူတွေက တောင့်တင်းစွာနဲ့ နေရာမှာတင် ရပ်နေကြတယ်။ အထိန်းအကွပ်မဲ့စွာနဲ့ ဘယ်သူမှ ထွက်မပြေးပါဘူး။ သူတို့ရှေ့ကမှောင်မိုက်နေတဲ့လမ်းကို လူတိုင်းက စိုက်ကြည့်လိုက်ကြတယ်။

ဝမ်ဝမ်ဝမ်ရဲ့လက်ထဲမှာ ရွှေရောင်ပိရမစ်တစ်ခု ပေါ်လာတယ်။ ပိရမစ်ပေါ်လာတဲ့အခိုက်အတန့်မှာပဲ အဆပေါင်းများစွာချုံ့ထားတဲ့ကူဖူပိရမစ်နဲ့ဆင်တူတဲ့ ရွှေရောင်​အရောင်အဝါတွေ ပျံ့နှံ့ထွက်လာတယ်။

ရှောင်လီက မနေနိုင်ပဲ နှစ်ခါလောက်ကြည့်နေတာကို ဝမ်ဝမ်ဝမ်တွေ့သွားတယ်။ ဝမ်ဝမ်ဝမ်က အသံမထွက်ရဲပဲ ရှောင်လီ့ကို ပါးစပ်လှုပ်ပြလိုက်တယ်။
[လုံခြုံရေးအတွက် ဒီဟာကို အရင်ထုတ်လိုက်တာ။]

တကယ်တော့ သရဲပေါ်လာပြီဆိုရင် သူ့ရဲ့ item ကိုထုတ်ဖို့အချိန်ရှိနေရင်တောင်မှ အားအနည်းဆုံးတစ်ယောက်ကို ဖမ်းသွားနိုင်တယ်လေ။ အဲ့ဒါက အားလုံးလေ့လာသင်ယူပြီးကာမှ ဘွဲ့မရခင်မှာသေဆုံးသွားသလိုပါပဲ။ ပိရမစ်ပုံစံ ကာကွယ်ရေး item က ဘယ်လိုလုပ်ဆောင်လဲမသိပေမယ့် နီးကပ်လာတဲ့ပွတ်တိုက်သံက အလယ်မှာရပ်တန့်သွားတယ်။

သို့သော်လည်း သူတို့ရှေ့မှာရှိနေတဲ့လမ်းကြောင်းက မှောင်မိုက်နေဆဲပါပဲ။ သူတို့ရဲ့အမြင်အာရုံက မီတာဝက်ကိုတောင် မမြင်ရပါဘူး။ မတ်တပ်ရပ်နေဆဲဖြစ်ပြီး အရှေ့မှာဘာရှိလဲဆိုတာ သူတို့မမြင်ရပေ။ အားလုံးတိတ်ဆိတ်နေတုန်းမှာပဲ ရုတ်တရက် ဒီလမ်းကြောင်းဟာ ရွှံ့ညွံလိုမျိုး လူတိုင်းရှိနေတဲ့နေရာမှာပဲ ဧရိယာတစ်ခုလုံးကို တခဏချင်းမြိုချသွားတော့မလို အရှေ့ကို ပျံ့နှံ့လာတယ်။ ပျံ့နှံ့လာပြီးတဲ့နောက် တိုက်ရိုက်ပဲ ပျောက်ကွယ်သွားတယ်။

သူတို့ရှေ့မှာရှိနေတဲ့လမ်းကြောင်းဟာ တခြားရုပ်ရှင်ရုံထဲသွားတဲ့လမ်းကြောင်းအဖြစ် ပြောင်းလဲသွားပြန်တယ်။ သူတို့ခေါင်းပေါ်က မီးရောင်ဟာအရှေ့ကကော်ရစ်ဒါကို အလင်းပေးနေတယ်။ အရာရာတိုင်းက ပုံမှန်လိုပါပဲ။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now