250: Vol 17: 7

2.2K 491 16
                                    

Unicode

အခုဆိုရင် Dr J က ရှားလော့ကို ပိုလို့်တောင် သဘောကျလာတယ်။ တစ်ဖက်လူဟာ ကျေးဇူးသိတတ်ရုံသာမက သူက စိတ်အားထက်သန်ပြီး ကြင်နာတတ်တယ်။ သူက အဲ့လိုမျိုးပြင်းပြင်းထန်ထန်ဖျားနာနေတဲ့ လူနာနဲ့ Dr J ကို မိတ်ဆက်ပေးတယ်။ ဒီလိုလူက မိမိရဲ့တရားတော်သာမက လူနာတွေရဲ့တရားတော်လည်း ဖြစ်ပေတယ်။ သူက လူနာအိမ်ကြွခဲ့ရတာ အရမ်းကိုကြာခဲ့ပြီဖြစ်တာကြောင့် လုပ်ငန်းစဉ်ကို သိပ်ပြီး မမှတ်မိတော့ပါဘူး။

Dr J က သူ့ဆရာဝန်ကုတ်ကို ခဏလောက် ရှေ့နောက် လှန်လှောနေလေတယ်။ ထို့နောက် သွေးစွန်းနေတဲ့လူနာမှတ်တမ်းနဲ့ အမည်မသိ အဝါရောင်ဆေးရည်ကို ရှာတွေ့သွားတယ်။ သူက မှတ်တမ်းရေးပြီး သူ့ရှေ့က ဖျားနေတဲ့သရဲကို ပြောလိုက်တယ်။
"ကျေးဇူးပြုပြီး ထိုင်ပါ"

သူက ပြောနေရင်းနဲ့ ဘေးဘီကို ကြည့်လိုက်တယ်။ ထို့နောက် သူ့ခြေထောက်ကိုကွေးကာ ကော်ရစ်ဒါလက်ရန်းအစွန်းပေါ် ထိုင်လိုက်လေတယ်။ သူက ဆေးခန်းထဲမှာလို ဟန်ဆောင်လိုက်တယ်။

ဖျားနေတဲ့သရဲ : "........."

သူ ရှုံးသွားတယ်။

Dr J က ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကိုကြည့်ပြီး ၃စက္ကန့်လောက် အချိန်ပေးလိုက်တယ်။ ထို့နောက် သူက မှတ်တမ်းမှာ ချရေးလိုက်တယ်။
"ဒီလူနာက အကြားအာရုံပြဿနာ ရှိနေပုံရတယ်။ သူ့စိတ်က ရိုးရှင်းပြီး သူ့ခြေလက်တွေက ကောင်းကောင်းအချိတ်အဆက် မမိဘူး။ သူက ငါ့ရဲ့ညွှန်ကြားမှုတွေကို နားမလည်ဘူး..."

ဖျားနေတဲ့သရဲမျက်နှာက အစိမ်းရောင်ပြောင်းသွားတယ်။ ညွှန်ကြားချက်တွေက... သူ့ကို ခွေးတစ်ကောင်လို ထရိန်းမလို့လား?

Dr J က ဒီအထိရေးပြီးနောက် ထပ်ပြီး မော့ကြည့်လိုက်တယ်။
"တခြားလက္ခဏာတွေ ရှိသေးလား? ပြပါဦး။ အိုးး၊ မင်းမျက်နှာက စိမ်းနေပြီး အရေးအကြောင်းတွေ များလွန်းတယ်။ အိုး နိုး။ မင်းက ဖျားနေရုံပဲ မဟုတ်ဘူးပဲ။ အဆိပ်လည်း မိနေတယ်။ ဒါက..."

သူ ဘာကိုရှာတွေ့သွားလဲတော့ မသိပါဘူး။ သူက စိတ်လှုပ်ရှားစွာနဲ့ ကနေလေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now