262: Vol 17: 19

2.2K 460 1
                                    

Unicode

အမျိုးသမီးက တစ်ဖက်လူရဲ့အသားပန်းကန်ကို အရင်ဆုံးမယူပေမယ့် သူကတော့ အရမ်းကို စိတ်အားထက်သန်နေပြီး သည်းမခံနိုင်တော့ပါဘူး။ ရှောင်လီက သူမလက်ထဲကို သုံးခါလောက်ထိုးထည့်ပြီး သူ့အမူအရာပြောင်းလဲခြင်းမရှိပဲ ကြေညာနေတယ်။
"မြည်းကြည့်လိုက်။ ဒါကို... ငါ့ယောက်ျား လုပ်ထားတာ"

အမျိုးသမီးက ဒီလိုလုပ်ခြင်းနဲ့ တစ်ဖက်လူကို ပထုတ်နိုင်မယ်လို့ မြင်တာ​ကြောင့် ဖြစ်နိုင်တယ်။ သူမက ပန်းကန်ပြားအစွန်းကိုကိုင်ပြီး အိမ်နီးချင်းရဲ့လက်ထဲက အသားကို ယူလိုက်တယ်။ ထို့နောက် သူမက အခန်းထဲက လူတိုင်းကို ကြည့်လိုက်လေတယ်။
"ဒါကို ယူလိုက်ရင် မင်းတို့ ငါ့အသားကို စားသင့်တယ်။ အားလုံးကုန်အောင် စားလိုက်"

သူမက ဒါကိုပြောရင်းနဲ့ ရှောင်လီ့အပြုအမူကြောင့် ကျသွားတဲ့ သူမဆံပင်တွေက လေထဲကို ထပ်ပြီးလွင့်ဝဲလာပြန်တယ်။ သူမရဲ့ဒါဏ်ရာမျက်နှာကိုမော့ပြီး တစ်ခုတည်းသောအသက်ရှင်လမ်းကို ပိတ်ထားသလို တံခါးကို ပိတ်ထားလိုက်တယ်။

ရှောင်လီက တည့်တိုးမေးလိုက်တယ်။
"အချိန်ကန့်သတ်ချက်ရှိလား?"

အမျိုးသမီးဟာ မူလတုန်းက အခန်းအလယ်မှာရှိနေတဲ့လော်ရှန်းကို ကြည့်နေခဲ့တယ်။ အခု သူမက ရှောင်လီဘက်ကို မျက်နှာလှည့်လိုက်ပြီး အသံမှန်မှန်နဲ့ ထပ်ပြီးပြောလိုက်တယ်။
"အချိန်လား?"

"ငါ ကတိပေးတယ်။ မနက်ဖြန်ညမရောက်ခင်"
ရှောင်လီက လက်လှမ်းပြီး သူမမျက်လုံးပေါ် အုပ်နေတဲ့ဆံပင်တွေကို ဖယ်လိုက်ပြီး သူ့အသံက အရင်ကလို အေးစက်မနေတော့ပါဘူး။
"အသားတွေအကုန်လုံး စားပြီးစေရမယ်"

အမည်မသိအမျိုးသမီးက အနောက်ကို ခြေတစ်လှမ်းဆုတ်သွားတယ်။ သူမရဲ့လွင့်ဝဲနေတဲ့ဆံပင်တွေက မျက်နှာကြက်ဆီ ချက်ချင်းထောင်တက်သွားပြီးနောက် ပြန်ကျလာတယ်။ သူမလက်ထဲက ပန်းကန်ပြားကို ညှစ်လိုက်လေတယ်။
"အင်း"

သူမက အခန်းဆီပြန်သွားပြီးနောက် နောက်ထပ် ပါဝင်ပစ္စည်းတစ်ခုကို စတင်ချက်ပြုတ်လိုက်တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now