Unicode
ဒီတစ်ခါတော့ ရှောင်လီက အကြာကြီး မအိပ်ခဲ့ပါဘူး။ သူက တစ်နာရီကြာပြီးနောက် သူ့အိပ်စက်ခြင်းကနေ အလိုအလျောက်နိုးလာတယ်။ နောက်ဆုံးတစ်ခေါက်တုန်းကလို အိပ်မက်မမက်ခဲ့သလို ပြင်ပအနှောင့်အယှက်လဲ မရှိခဲ့ပါဘူး။ သူက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့တာပဲ။ သူ့အဝတ်အစားတွေကို ရိုးရှင်းစွာပဲဝတ်လိုက်ပြီး တံခါးဖွင့်ကာ အပြင်ကိုထွက်လာတယ်။
အပြင်ကလူတွေက ဆိုဖာပေါ်မှာ ထိုင်နှင့်နေတယ်။ ကျင်းဟန်တုန်လည်းပဲ အိပ်ခဲ့ပုံရတယ်။ သူမဆံပင်တွေက ပုံမှန်သေသပ်မှုကနေ ကွဲထွက်ပြီး အနည်းငယ်ရှုပ်ပွနေတယ်။ သူမပါးပြင်ပေါ်မှာ သူမလဲလျောင်းနေခဲ့တဲ့ခြေရာလက်ရာတွေ ရှိနေတယ်။ သို့သော်လည်း သူမက ဆံပင်စည်းဖို့အချိန်မရှိပဲ တံခါးကို စောင့်ကြည့်နေတယ်။
အောက်ထပ်က တံခါးက ပွင့်နေတယ်။ တံခါးနဲ့မျက်နှာချင်းဆိုင်တစ်ဖက်ခြမ်းကိုကြည့်ရင် သူတို့က အပြင်တံခါးကိုပါ တွေ့ရတယ်။ ဝမ်ဝမ်ဝမ်က ပန်းခြံဂိတ်ပေါက်မှာရပ်နေပြီး ကနေသလိုလို သူ့ခြေလက်တွေက လိမ်ယှက်နေတယ်။ အဲ့ဒီနေရာကနေ တီးလုံးသံတချို့တောင် ရှောင်လီကြားနေရတယ်။ အဲ့ဒါက Marvel ရုပ်ရှင်ထဲက Starlord ရဲ့ ပျော်ရွှင်ဖွယ်သီချင်းတစ်ပုဒ်ပါပဲ။ အဲ့ဒီသီချင်းက ဒီပုံတူကမ္ဘာနဲ့ တခြားစီဖြစ်နေပြီး ရှောင်လီက တစ်ခဏလောက် အံ့အားသင့်သွားတယ်။
တစ်ဖက်လူက သရဲကားရဲ့ပုံမှန်ရိုက်ချက်တွေနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ တုန့်ပြန်မှု သို့မဟုတ် လုပ်ဆောင်မှုတွေပြုလုပ်ပြီး ဒီပုံတူကမ္ဘာရဲ့ ရှင်သန်မယ့်နည်းလမ်း ဖြစ်မဖြစ် သူ့ရဲ့ထင်မြင်ယူဆချက်ကို အတည်ပြုနေတာဖြစ်ကြောင်း သူ မကြာခင်မှာပဲ သတိပြုမိသွားတယ်။ ဒီလိုအရာတွေနဲ့ ကြုံတွေတဲ့လူတွေဟာ ပုံမှန်ဆိုရင် ရုတ်တရက် သီချင်းဆိုမှာလည်းမဟုတ်သလို ကမှာလည်း မဟုတ်ဘူးလေ။
ရှောင်လီက ဆိုဖာဆီလျှောက်လာတယ်။ သူက ဆိုဖာပေါ် တစ်ဝက်တစ်ပျက်မှီထိုင်ရင်း မေးလိုက်တယ်။
"အသုံးဝင်လား?"
ကျင်းဟန်တုန်က ခေါင်းခါလိုက်တယ်။ "အသုံးမဝင်ပါဘူး"
အဲ့ဒီကနေ ဝမ်ဝမ်ဝမ်က အဆုံးသတ်ကို ရောက်လာပြီ။ သူက သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုကို အဆုံးသတ်ကာ သူ့ တာဝန်စာအုပ်ကိုကိုင်ပြီး တံခါးမှာ မတ်တပ်ရပ်နေတယ်။ သူက ခဏစောင့်ကြည့်ပြီး တုန့်ပြန်မှုမရှိတာကြောင့် မကျေမနပ်အမူအရာနဲ့ ပြန်ဝင်လာတယ်။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Жахиငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
