Unicode
အသူရာချောက်နက်ဟာ ရှန်ချန်ကျီးပြောသလိုပါပဲ။ မှောင်မိုက်နေတဲ့နေရာတစ်ခုပင်။
အမှောင်ထုက အစစ်အမှန်ကမ္ဘာမှာ မီးပျက်သွားလို့မှောင်တာနဲ့ ကွဲပြားခြားနားလေတယ်။ ဒီနေရာကအမှောင်ထုဟာ စီးဆင်းနေတဲ့ရွှံ့ညွန်လိုမျိုး စေးကပ်လွန်းတယ်။ အလင်းရောင်ရဲ့ခြေရာလက်ရာမရှိသလို အနံ့အသက်လည်းမရှိပေမယ့် လူတွေကို မွန်းကြပ်စေတယ်။
ဒီနေရာကိုလာခြင်းက ပုံတူကမ္ဘာထဲကိုဝင်ရတဲ့ တိုတောင်းတဲ့အကျိုးသက်ရောက်မှုအချိန်လိုပါပဲ။ မျက်တောင်တစ်ခတ်စာအတွင်းမှာ ရှောင်လီက မြေပြင်ပေါ်မတ်တပ်ရပ်နေသလို ခံစားနေရပေမယ့် သူ့ခြေထောက်အောက်မှာ ဘာရှိနေလဲဆိုတာကိုတော့ မမြင်ရပေ။ သူက အပြန်ပြန်အလှန်လှန်ကြည့်ပြီးနောက် လှည့်လာပြီး ရှန်ချန်ကျီးကို မေးလိုက်တယ်။
"ညစ်ညမ်းမှုက ဘယ်နေရာမှာလဲ?"
"အမှောင်ထုထဲမှာ နေရာတိုင်းပဲ။ ဒါပေမယ့် ကိုယ် ဒီမှာရှိနေလို့ မင်းမြင်ရမှာ မဟုတ်ဘူး"
မိဘက သူ့ကလေးပျောက်သွားမှာကို စိုးရိမ်နေသလိုမျိုး ရှန်ချန်ကျီးက ရှောင်လီ့ကို တစ်ချိန်လုံး ဖက်ထားတယ်။ ရှန်ချန်ကျီးရဲ့မေးစေ့က ရှောင်လီ့ပုခုံးပေါ်တင်ထားပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေတယ်။
"ပိုပြီးနက်ရှိုင်းတဲ့နေရာကို ကြည့်ဖို့ ခေါ်သွားပေးမယ်"
သူ့လက်ကိုလျှော့လိုက်ပြီး ရှောင်လီကို ဦးဆောင်ခေါ်သွားလိုက်လေတယ်။
ချောက်နက်ကြီးရဲ့အနက်ရှိုင်းဆုံးနေရာမှာ ဘာရှုခင်းမှ ရှိမနေပါဘူး။ အထဲကိုပိုနက်နက်ဝင်လာတော့ အမှောင်ထုက ကြီးစိုးနေဆဲပါပဲ။ တစ်ခုတည်းသောခြားနားမှုက အမှောင်ထုဟာ အရှိန်အဟုန်နဲ့ စီးဆင်းနေတာပဲ ဖြစ်တယ်။ အမှောင်ထုက ပိုပြီးတော့ တတ်ကြွလာတယ်။ အဲ့ဒါက ဖော်ပြလို့မရနိုင်တဲ့ခံစားချက်မျိုးပဲ။ ဒီနေရာမှာ အချိန်အကြာကြီးနေရမှာက အလွယ်တကူအသက်ရှုမွန်းကြပ်စေပါတယ်။
ချောက်နက်က သိပ်မကြီးပေ။ ရှန်ချန်ကျီးက သူ့ကို တစ်ပတ်လိုက်ပြတော့ ၁၀မိနစ်တောင် မကြာပါဘူး။ သူက ရှောင်လီကိုခေါ်လာပြီး သူ အများဆုံးထိုင်ဖြစ်တဲ့နေရာမှာ ထိုင်လိုက်တယ်။ ဒီနေရာမှာ ဘာမှကြည့်စရာ ရှိမနေပေ။ အရာရာတိုင်းက ရှန်ချန်ကျီးနဲ့ ရင်းနှီးနေပြီးသားဆိုပေမယ့် သူ့ချစ်သူရဲ့တည်ရှိနေမှုကျေးဇူးကြောင့် ဒီအချိန်ဟာ ဘယ်အပန်းဖြေစခန်းထပ်မဆို ပိုပြီး စိတ်ကျေနပ်စေတယ်။ သူက လက်လှမ်းလိုက်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။
"ဒီနေရာက ထွက်လာတဲ့ အမှောင်ထုမှန်သမျှဟာ နတ်ဘုရားတစ်ပါးကို အလွယ်တကူညစ်ညမ်းစေနိုင်တယ်"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Terrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
