Unicode
ရှောင်လီက ဝမ်ဝမ်ဝမ်တို့နဲ့ လမ်းခွဲသွားတဲ့နောက်ကို ဝမ်ဟွိုင်က မလိုက်သွားပါဘူး။ ကူးပြောင်းဝင်ရောက်သူတွေက အိမ်ရှာဖို့အတွက် ရွှီကျားဟန်ကို ခေါ်မသွားနိုင်တာကြောင့် ဝမ်ဟွိုင်က သူ့ကို ဂရုစိုက်စောင့်ကြည့်ဖို့ အိမ်မှာပဲ နေခဲ့ရတယ်။
အဲ့ဒီအချိန်မှာ ကောင်လေးက အချိန်အတော်ကြာအောင် တွေဝေနေတယ်။ သူက ဆိုဖာပေါ်မှာ ဗလာသက်သက် လဲလျောင်းနေတယ်။ သူ့အမေမှာ ပြဿနာဖြစ်နေတာကတင် သူ့ကို ကူကယ်ရာမဲ့ခံစားရစေဖို့ လုံလောက်နေပြီ။ မူလတုန်းကတော့ သူ့ကို ထောက်ပံ့မယ့်လူကိုရှာနိုင်ပြီထင်ခဲ့ပေမယ့် အခုတော့ ဒီပြင်ပလူတွေထဲကတစ်ယောက်ဟာ သေသွားခဲ့ရပြီ...
ဒါက သူတို့မှာ သရဲကို ရပ်တန့်နိုင်တဲ့ စွမ်းရည်မရှိဘူးလို့ အဓိပ္ပါယ်ရနေတယ် မဟုတ်ဘူးလား? သူ့အကြည့်တွေဟာ အပေါ်ထပ်ကိုမကြည့်ပဲ မနေနိုင်ပါဘူး။ အဲ့ဒါက ဟဲထျန်းသေသွားခဲ့တဲ့ နေရာပါပဲ။ ဝမ်ဟွိုင်က အခန်းထဲမှာ သဲလွန်စရှာဖို့ ထောင့်သေးသေးလေးတောင်လွတ်သွားဖို့ ဆန္ဒမရှိပါဘူး။
ရွှီကျားဟန်က အဲ့အကြောင်းမေးတော့ ဝမ်ဟွိုင်ရဲ့ရှင်းပြချက်က ဟဲထျန်းကို ဘယ်သူသတ်သွားလဲဆိုတာ သိနိုင်ဖို့ သဲလွန်စရှာနေတယ် ဆိုတာပါပဲ။ တစ်ဖက်လူရဲ့ရှာဖွေနေတဲ့လှုပ်ရှားမှုတွေကို ကြည့်နေရင်း အနည်းငယ် ထူးဆန်းတယ်လို့ ခံစားရတယ်။ ထို့နောက် အိပ်ရာပေါ်ကအလောင်းကိုကြည့်ရင်း ဧည့်ခန်းထဲမှာပဲ လာပြန်ပုန်းနေတာ ဖြစ်တယ်။
တကယ်တော့ သေသေချာချာတွေးကြည့်ရင် သူ ဒီလူတွေကို ယုံကြည်လိုက်တာ အရမ်းကို ကတိုက်ကရိုက်ဖြစ်နေတယ်။ သူ အလောတကြီးလုပ်မိပြီလား?
ရွှီကျားဟန်က အပေါ်ယံအရေခွံကွာသွားတဲ့အထိ သူ့လက်ချောင်းကို ကိုက်နေတယ်။ ထို့နောက် သူ့ဖုန်းကို ကောက်ကိုင်ပြီး သူ့ရဲ့အိမ်နီးချင်းအတန်းဖော်ကို ဖုန်းခေါ်လိုက်တယ်။ သူက အခုလောလောဆယ်ဖြစ်နေတာတွေကို သူမကိုပြောပြလိုက်ပြီး သူမရဲ့အတွေးကိုနားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူ ဖုန်းကိုနှိပ်နေရင်း မနက်ကသူစားထားသမျှကအစာကြေသွားတာကို ခံစားလိုက်ရတယ်။ သူ့ဗိုက်ထဲကရစ်လာပြီးတော့ ဖုန်းနဲ့အတူ အိမ်သာဆီကို အမြန်ပြေးသွားလေတယ်။ ရွှီကျားဟန် အိမ်သာကိုသွားနေတဲ့အချိန် ဝမ်ဟွိုင်က အောက်ထပ်ကို ဆင်းလာတယ်။ သူက ပထမဆုံး ဆိုဖာပေါ်ရှာလိုက်ပြီးနောက် ပရိဘောကတွေကိုပါ တစ်လက်မဆီထိကိုင်ရှာဖွေရင်း နောက်ဆုံး TV နားကို ရောက်လာပြီး ရပ်လိုက်တယ်။ သူက ငေါထွက်နေတဲ့အရာဝတ္ထုကိုထိလိုက်ပြီး အားအနည်းငယ်ထုတ်ကာ ဗီရိုထဲကနေ ဖြုတ်ယူပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်တယ်။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Ужасыငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
