218

4.7K 706 3
                                        

Unicode

ရှောင်လီက အပြေးသွားရမလားနဲ့ အိပ်ရမလားဆိုတာရဲ့ကြား ဆုံးဖြတ်ချက်ချရတော့တယ်။ သူ ဒီနေ့ တကယ့်ကို နည်းနည်းပင်ပန်းနေပေမယ့် ပုံတူကမ္ဘာတွေကြားက နားချိန်ကြာနေတာကို စဉ်းစားမိတယ်။ နေ့တိုင်းက ပုံမှန်နေ့စဉ်ဘဝဖြစ်နေပြီး သူ နည်းနည်းလည်းပျင်းရိနေတာကြောင့် လက်ခံလိုက်တယ်။

ရှောင်လီ အိပ်ရာပေါ်ကထပြီး အဝတ်အစားလဲကာ တံခါးဖွင့်လိုက်တယ်။ သူ အခန်းထဲကထွက်လာတော့ ဖူကျိကဲက သီချင်းဆိုနေဆဲပဲ။ မိုက်ကရိုဖုန်းက TV ရှေ့မှာ လွင့်မျောနေပြီး show ပွဲက ပြိုင်ပွဲဝင်တွေရဲ့အသံကို လုံးဝဖုံးလွှမ်းနေတယ်။

"အနက်ရောင်နာနတ်သီး—"
ရှောင်လီထွက်လာတာကို ဖူကျိကဲတွေ့တော့ သူ့အသံက အံ့ဩထိတ်လန့်ပြီး ရပ်တန့်သွားတယ်။

ရှောင်လီက ဘာမှမပြောပါဘူး။ သူ့ကို မေးခွန်းပဲမေးလိုက်တယ်။
"သဘာဝလွန်အဖြစ်အပျက်တစ်ခုဖြစ်နေတယ်။ မင်း လိုက်ချင်လား?"

ကြောင်နက်လေးက အိပ်နေတယ်။ သူ့မျက်လုံးကိုတွေကို မသဲမကွဲဖွင့်ကြည့်ပြီး လှိမ့်လိုက်တော့ သူ့ဗိုက်ပေါ်လာတယ်။ ထို့နောက် သူက နှစ်နှစ်ခြိုက်ခြိုက်ဆက်အိပ်ပြီး လုပ်ဆောင်ချက်ကို အသုံးပြုပြီး အဖြေပေးလိုက်တယ်။ ပန်းတွေထဲနစ်မြုပ်နေတဲ့ထန်လီက ရှောင်လီ့အိတ်ကပ်ထဲကို ရင်းနှီးနေတဲ့အနေအထားအတိုင်း ဖြည်းဖြည်းချင်း ဝင်လိုက်တယ်။

ဖူကျိကဲက မဝံ့မရဲပြောတယ်။
"ငါ အဲ့ကို မသွားတော့ဘူး။ ငါက အညတရလေးတစ်ယောက်ပါပဲ။ အတိတ်မှာ အသုံးမကျခဲ့..."

ရှောင်လီက ပြုံးပြီး သူ့ကိုနှစ်သိမ့်လိုက်တယ်။
"အဲ့ဒါက သေချာပေါက် ကိစ္စမရှိဘူး"

အနက်ရောင်မိုက်ကရိုဖုန်းက ပကတိမျက်စိရှေ့မှာပဲ အဖြူရောင်ပြောင်းသွားပေမယ့် ရှောင်လီက သူ့ကို ပုံတူကမ္ဘာကိုထပ်ခေါ်သွားမှာစိုးရိမ်ပြီး ငြင်းဆန်ဖို့လည်း မဝံ့ရဲပါဘူး။ သူက တုန်လှုပ်နေတဲ့အမူအရာနဲ့ ထပ်မေးလိုက်တယ်။
"အဲ့ဒါက အစစ်အမှန်ကမ္ဘာမှာလား?"

ရှောင်လီက ခေါင်းညိတ်လိုက်တယ်။ ဖူကျိကဲက သက်ပြင်းချတယ်။ နောက်ဆုံး ရှောင်လီ့ရဲ့ စိတ်မရှည်တဲ့ရာဇသံအောက်မှာ tv ကို ပိတ်ပြီး အဝါရောင်စာအုပ်လေးထဲ ဝင်လိုက်တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now