228: Vol 16: 5

4.2K 656 14
                                        

Unicode

ပတ်ဟီးဆွန်က မေးလိုက်တယ်။ "ဘာများလဲ?"

လီယန်စူးစူးက သူ့ကို လျှို့ဝှက်ချက်ကြီးပြောလိမ့်မယ်လို့ မမျှော်လင့်ထားပေမယ့် တဖက်လူရဲ့ နောက်ထပ်ပြောလာတဲ့စကားတွေက သူ့ကို တကယ်ပဲ အံ့အားသင့်သွားစေတယ်။

"ပါတီကနေ ကြိုဆိုပါတယ်..!"
လီယန်စူးစူးက စိတ်လှုပ်ရှားစွာနဲ့ ရှင်းပြတယ်။
"ငါ-ငါ အကျဉ်းသားဟောင်းတစ်ယောက်ပြောတာ ကြားခဲ့တယ်။ သူက အဲ့အကြောင်; ငါ့ကိုပြောပြပြီး နောက်တစ်နေ့မှာပဲ သေသွားတယ်။ သူပြောတာက... သူပြောတာက အကျဉ်းထောင်ထဲဝင်လာတဲ့ ထောင်သားအသစ်တွေရဲ့လှိုင်းသုံးလှိုင်းပြီးတဲ့နောက်မှာ ထောင်စောင့်က နောက်တစ်ညမှာပဲ ကြိုဆိုပွဲပါတီဖွင့်လိမ့်မယ်တဲ့။ စည်းမျည်းတွေက အကြိမ်တိုင်းမှာ မတူညီဘူး။ ကြိုဆိုပွဲပါတီမှာ ပထမနေရာကို နိုင်သ၍ စာကြည့်တိုက်ထဲ ဝင်နိုင်တယ်!"

Satemon က ထပ်ခါလိုက်ပြောလိုက်တယ်။ "စာကြည့်တိုက်?"

လမ်းဆုံးက ခက်ရင်းခွလေးခုရဲ့တစ်ခုဟာ စာကြည့်တိုက်ကိုဦးတည်နေပေမယ့် ကူးပြောင်းဝင်ရောက်သူတွေဟာ အဲ့ဘက်ခြမ်းကို မစစ်ဆေးရသေးပါဘူး။ သူတို့တွေက လမ်းကြောင်းပေါ်မှာရေးထားတဲ့ ဆိုင်းဘုတ်ကိုပဲ တွေ့ခဲ့ရတယ်။

ပတ်ဟီးဆွန်က မေးလိုက်တယ်။ "အဲ့ကို ပျမ်းမျှလူတွေက မဝင်နိုင်ဘူးလား?"

လီယန်စူးစူးရဲ့စကားတွေကို အခြေခံရရင် သူတို့တွေက စာကြည့်တိုက်ထဲဝင်ဖို့ အရည်အချင်းပြည့်မီဖို့ လိုအပ်တယ်။

အတိတ်မှာတုန်းက အလှတရားကို မြတ်နိုးတန်ဖိုးထားတဲ့လီယန်စူးစူးဟာ သူမရဲ့အသွင်အပြင်ကို ဂရုမစိုက်နိုင်တော့ပါဘူး။ သူမက အဆက်အစပ်မရှိ ဗလုံးဗထွေးပြောတယ်။
"ဟုတ်တယ်။ ဟုတ်တယ်။ ငါ အဲ့ဒါကို သွားကြည့်ခဲ့သေးတယ်။ တံခါးကို ဖွင့်လို့မရခဲ့ဘူး။ အဲ့ဒါက ဒီနေရာလိုပဲ။ တံခါးမရှိဘူး! လူတိုင်းက စာကြည့်တိုက်ဟာ လုံခြုံတယ်လို့ ပြောကြတယ်။ လုံခြုံတယ်..."

ပတ်ဟီးဆွန်က Satemon ကို ကြည့်လိုက်တယ်။ ကြည့်ရတာ စာကြည့်တိုက်က ထောင်ရဲ့လုံခြုံတဲ့အိမ်နဲ့ တူတူပဲ ဖြစ်ပုံရတယ်။ ကူးပြောင်းဝင်ရောက်သူတွေရဲ့တာဝန်က အကျဉ်းထောင်ကနေ လွတ်မြောက်ဖို့ ဖြစ်တယ်။ ပုံမှန်အမြင်ကနေဆိုရင် အရေးကြီးဆုံးတာဝန်က ထွက်ပေါက်ကို အရင်ဆုံးရှာတွေ့ဖို့၊ လမ်းကြောင်းကနေလွတ်မြောက်ဖို့အစီအစဉ်၊ ထောင်စောင့်ရဲ့ကင်းလှည့်ခြင်းကိုရှောင်ရှားပြီး ထွက်ပြေးဖို့အခွင့်အလမ်းကို ရှာဖွေဖို့ပါပဲ။ TV စီးရီးတွေထဲကလို မြေအောက်လမ်းကြောင်းတူးဖို့အတွက်ကျတော့ ဒီနေရာက တကယ့်ကို သရဲတွေ နတ်ဘုရားတွေပြည့်နှက်နေတဲ့နေရာဖြစ်နေတာကို စဉ်းစားရမယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now