Unicode
ရှန်ချန်ကျီးရဲ့မျက်လုံးတွေက အနည်းငယ်လှုပ်ရှားသွားပြီး သူ့နှလုံးသားထိပ်ကို ငှက်မွှေးလေးနဲ့လာကုတ်ခြစ်သလို ခံစားလိုက်ရတယ်။ သူက စကားပြောချင်ပေမယ့် လက်ချောင်းတစ်ချောင်းက သူ့နှတ်ခမ်းပေါ် လာဖိလေတယ်။
ရှောင်လီက သူ့ကိုပြောလေတယ်။ "ငါ အမှန်ကို ကြားချင်တယ်။ ငါ မင်းကို စဉ်းစားဖို့ အချိန်နည်းနည်းပေးမယ်။ ဒါကို ပြီးမှ ငါတို့ ဆက်ပြောကြမယ်"
သူက ရှန်ချန်ကျီးကိုတားဆီးထားတဲ့လက်ချောင်းကို လွှတ်ပေးလိုက်ပြီး ရေချိုးခန်းထဲကထွက်ကာ ဘေးကအခန်းထဲ ဝင်သွားလိုက်တယ်။ ရှန်ချန်ကျီးက သူ့နောက်ကျောကိုစိုက်ကြည့်ပြီးတော့ နောက်ကလိုက်သွားလေတယ်။
ဘေးခန်းမှာ ဝမ်ဟွိုင်က ခုံတစ်လုံးကို ရွှေ့လာပြီး စားပွဲဘေးမှာ ချပြီး လူတွေဝိုင်းပြီး ထိုင်လိုက်တယ်။ ဒါက ပုံမှန်ပဲဆိုပေမယ့် ရှောင်လီ့အာရုံက စားပွဲပေါ်က သစ်သားဘူးပေါ်မှာပဲ ရှိနေတယ်။
အဲ့ဒီဘူးက ရှေးဟောင်းသတို့သမီးတွေရဲ့ လက်ဝတ်ရတနာတွေကိုထည့်တဲ့ ရတနာဘူးနဲ့ တူလေတယ်။ အပေါ်မှာ မန်ဒရင်းဘဲမောင်နှံတစ်စုံနဲ့ ကာထားပြီး အသားတုံးကို ပြင်ပကမ္ဘာနဲ့ သီးခြားခွဲခြားထားသင့်တယ်။ သို့သော်လည်း ရှောင်လီက အသားတုံးရဲ့အနံံ့ကို အခန်းထဲဝင်လာချင်းမှာပဲ ရလိုက်တယ်။ အသားတုံးအနံ့က ပိုပြီးပြင်းထန်လာတယ်။
ဝမ်ဟွိုင်က ရှောင်လီ တံခါးကနေဖြတ်ဝင်လာတာတွေ့တော့ အစပြုပြီးမိတ်ဆက်ပေးလိုက်တယ်။
"ဒါက တစ္ဆေလက်ထပ်ပွဲကမ္ဘာမှာ ငါရခဲ့တဲ့ အထူး item တစ်ခုပဲ။ သတို့သားက အသက်ရှင်နေတဲ့သတို့သမီးကိုပေးတဲ့ စေ့စပ်လက်ဆောင်ပဲ"
ရှောင်လီက မေးလိုက်တယ်။ "ဒါဆို?"
"ဒါက သီးသန့်သိုလှောင်ဖို့ပဲ" ဝမ်ဟွိုင်က ဆက်ပြောတယ်။
"အထဲမှာ မင်း ပစ္စည်းတွေကို ထည့်ထားသ၍ သေတ္တာက ပြင်ပကမ္ဘာကို ပိတ်ဆို့ထားလိုက်တယ်။ အဲ့ဒါက ကမ္ဘာနှစ်ခု ခြားထားသလိုပဲ။ ငါ ပုံတူကမ္ဘာထဲကရတဲ့ သော့ item ကို စမ်းပြီးထည့်ထားခဲ့ဖူးတယ်။ ပုံတူကမ္ဘာရဲ့ ဘော့စ်အဆင့် သရဲတောင်မှ ဒါကို ရှာမတွေ့ခဲ့ဘူး"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horreurငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
