Unicode
ဖူကျိကဲ ဘာလုပ်ခဲ့လဲဆိုတာ ရှောင်လီ မသိပါဘူး။ သူ အိမ်ပြန်ရောက်လာတော့ KTV သရဲက 30% ပျော်ရွှင်မှုနဲ့ 70% ထိတ်လန့်နေမှု ခံစားနေရတာကို တွေ့လိုက်ရတယ်။ သူက သူ့မိုက်ခရိုဖုန်းထဲ ပြန်ရောက်နေပြီး ဆိုဖာကြားထဲကနေ သူ့ရဲ့လုံးဝိုင်းတဲ့ခေါင်းကိုသာထုတ်ထားပြီး ညပ်နေတယ်။ ကူရှင်အပေါ်ပိုင်းက ကျန်တဲ့သူ့အစိတ်အပိုင်းတွေကို ဖုံးအုပ်နေတယ်။
ရှောင်လီက တိရစ္ဆာန်ဆေးရုံကနေ ပြန်လာတာ ဖြစ်တယ်။ သူက ရှန်ချန်ကျီးနဲ့အဖော်လိုက်သွားပြီး ကြောင်ဖြူလေးကို ရှန်ချန်ကျီးအိမ်မှာ နေရာချထားပေးခဲ့တယ်။ ကြောင်ဖြူလေးက သူထွက်သွားတော့ သူ့ရှေ့လက်ဖဝါးလေးတွေနဲ့ သူ့ကို ဖက်ထားဖို့ ကြိုးစားနေတာကြောင့် ရှန်ချန်ကျီးက သူ့ကို နေဖို့ပြောပေမယ့် သူက ပြန်လာဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
သူက TV ကို ကြည့်တော့ ပိတ်ထားတာကို တွေ့လိုက်ရပြီး KTB သရဲရဲ့ခေါင်းကို ပုတ်ပြီး မေးလိုက်တယ်။ "မင်း ဘာဖြစ်နေတာလဲ?"
ဖူကျိကဲက ညည်းညူပြီး သူ့ကိုယ်ကို တွန့်လိမ်လိုက်တယ်။ "ငါ အဆင်ပြေပါတယ်"
ရှောင်လီက ခေါင်းလှည့်ပြီး အိမ်မှာနေနေတဲ့ ကျွေ့ထျန်းကို မေးလိုက်တယ်။
"သူ အပြင်ထွက်သေးလား?"[သူက ကဗျာရွတ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ထွက်သွားတာ နေမှာပေါ့။]
ကျွေ့ထျန်းက သူ့ဝတ္ထုစာပိုဒ်ကို ဖူကျိကဲဖတ်ပြထားလို့ မုန်းတီးနေဆဲဖြစ်တာကြောင့် သူ့စကားလုံးတွေက ထူးထူးခြားခြားစစ်မှန်နေတယ်။ရှောင်လီ, "......."
ထန်လီနဲ့ကျိုးရင်က ရှောင်လီနဲ့အတူအပြင်ထွက်ပြီး ကြောင်နက်လေးက သူကိုစောင့်ကြည့်ဖို့ လိုက်လာခဲ့တယ်။ အစစ်အမှန်ကမ္ဘာသရဲနှစ်ယောက်နဲ့ ရှေးဟောင်းအမျိုးသမီးသာ အိမ်မှာကျန်နေခဲ့တယ်။ ကံမကောင်းစွာနဲ့ ရှေးဟောင်းအမျိုးသမီးက သူမရဲ့တုတ်ချောင်းလူသားနဲ့အတူ အစစ်အမှန်ကမ္ဘာက ပန်းချီပြပွဲကို ကြည့်ဖို့ ထွက်သွားခဲ့တယ်။ ဖူကျိကဲက စကားပြောဖို့ငြင်းဆန်နေရင်တော့သူဘယ်သွားပြီး ဘာလုပ်ခဲ့လဲဆိုတာ ရှောင်လီမသိပါဘူး။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Terrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...