217

3.3K 630 15
                                    

Unicode

သို့သော်လည်း ဒီလိုအချစ်မျိုးက ကြာရှည်ခံဖို့ခက်ခဲမယ်ဆိုတာကို ရှောင်လီ သိပါတယ်။ အပြင်းအထန်တောက်လောင်နေတဲ့မီးနဲ့တူပြီး အမြဲတမ်း ငြိမ်းသွားဦးမှာပဲ။ လောင်ကျွမ်းပြီးတဲ့နောက် ပြာတွေပဲ ကျန်ခဲ့လိမ့်မယ်။ သာမန်လူသားတွေအတွက် ထာဝရအရူးအမူးချစ်စိတ်ပြင်းပြမှုဆိုတာ ရေရှည်တည်ရှိနေဖို့ ခက်ခဲတယ်။

ကျန်းရီက စကားလုံးတွေကို သိပ်နားမလည်တာကြောင့် ထပ်မေးလိုက်တယ်။
"ဘာက မလုံလောက်တာလဲ?"

ရှောင်လီက သူ့အကြည့်ကိုရုတ်သိမ်းလိုက်ပြီး ကိုကာကိုလာနောက်ဆုံးတစ်ငုံကိုသောက်လိုက်ပြိး ခွက်အလွတ်ကို သိပ်မဝေးတဲ့ အမှိုက်ပုံးထဲပစ်လိုက်တယ်။
"ဘာမှမဟုတ်ပါဘူး"

ကျန်းရီက စကားလုံးအနည်းငယ်ကို တိုးတိုးလေးရေရွတ်နေတယ်။ မူလတုန်းကတော့သူက ရှန်ချန်ကျီးပြန်လာတာကိုစောင့်ပြီး နှုတ်ဆက်မလို့ပဲ။ နောက်တော့ သူ့လက်ကနာရီကိုငုံ့ကြည့်ပြီးတော့ ချိန်းထားတဲနေရာကို သူ့သူငယ်ချင်းတွေရောက်လာတာကိုတွေ့လိုက်ရတယ်။ သူကရှောင်လီ့ကိုပြောလိုက်တယ်။
"ရှောင်လီရေ။ ငါအရင်သွားနှင့်ပြီ။ နောက်မှပဲ WeChat ကနေ ဆက်သွယ်လိုက်မယ်"

ရှောင်လီက အသာခေါင်းညိတ်ပြလိုက်ပြီး နှုတ်ဆက်ကာ သူထွက်သွားတာကို ကြည့်နေတယ်။

ကျန်းရီထွက်သွားပြီးသိပ်မကြာခင် ရှန်ချန်ကျီးရောက်လာတယ်။ သူ့လက်ထဲမှာ milk tea တစ်ခွက်ကိုကိုင်လာပြီး ရှောင်လီကိို လှမ်းပေးလိုက်တယ်။

ဒါက လတ်တလော အင်တာနက်ပေါ်မှာ ပေါ်ပြူလာဖြစ်နေတဲ့ milk tea ပါပဲ။ အသက်လောက်ကြာအောင် တန်းစီရတယ်။ ရှောင်လီက အချိန်အတိအကျကိုမတွက်ကြည့်လိုက်ပေမယ့် ဒီလူက အနည်းဆုံး နာရီဝက်လောက် တန်းစီလိုက်ရတာကိုတော့ သူသိတယ်။

ရှောင်လီက စကားမပြောပဲ သူ့လက်ထဲကအိတ်ထဲကြည့်လိုက်တယ်။
"မင်းအတွက်က ဘယ်မှာလဲ?"

ရှန်ချိန်ကျီးက ရှောင်လီ့နားရွက်ကိုညှစ်ပြီး ရယ်မောလိုက်တယ်။
"ကိုယ် အဲ့လိုချိုတာတွေကို သောက်ရတာ မကြိုက်ဘူး"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now