Unicode
ရယ်ကျယ်ချင်းက အရှေ့ကို ပြေးသွားတယ်။
သူက ဦးဆောင်ပြီး အရင်ထွက်ဖို့ စဉ်းစားလိုက်တယ်။ သူက ဝင်လာတဲ့လူတွေရဲ့ပုံသဏ္ဍာန်ကိုတောင် မကြည့်အားပါဘူး။ သူ့ခွန်အားတွေအကုန်လုံးကို အသုံးချပြီး သူ့ရှေ့က အသစ်ဝင်လာသူရဲ့ပုခုံးကိုတိုက်ကာ တံခါးကိုဖြတ်ပြီး အပြင်ထွက်ချင်ခဲ့တယ်။
ရယ်ကျယ်ချင်းက အကျဉ်းထောင်အပြင်ဘက်ကရှုခင်းကိုတောင်မြင်နေရပြီး ဖြစ်တယ်။ နေက တောက်ပစွာနဲ့ မိုးကုပ်စက်ဝိုင်းထဲ ဝင်တော့မယ့်အချိန် ဖြစ်တယ်။ ခြေနှစ်လှမ်းလောက် ပိုလှမ်းနိုင်သ၍ အားလုံးအဆင်ပြေသွားလိမ့်မယ်။ သူက ခြေတစ်လှမ်းထပ်လှမ်းတော့မယ့်အချိန်မှာပဲ ရုတ်တရက် သူ့ခြေထောက်က အလွန့်အလွန်ကို လေးလံလာတယ်။
သူ့အတွေးတွေက တဖြည်းဖြည်းရှုပ်ထွေးလာပြီး ရပ်တန့်လို့မရနိုင်တဲ့အိပ်ငိုက်မှုတစ်ခုက သူ့ကိုလာရိုက်ခတ်တယ်။ သူက ၃ရက်ဆက်တိုက်မအိပ်ခဲ့ရတဲ့သတ္တဝါလို အထိန်းအချုပ်ကင်းမဲ့စွာနဲ့ စတင်ပြီး အိပ်မောကျသွားတော့တယ်။ သူ့ခြေထောက်တွေက အထိန်းအချုပ်ကင်းမဲ့သွားပြီး မျက်နှာက ကြမ်းပြင်ပေါ်ကြည့်လိုက်တယ်။
သူ့စိတ်တွေ လုံးဝကိုအထိန်းအချုပ်မမဲ့သေးလင် ရယ်ကျယ်ချင်းက မျက်လုံးကိုအားတင်းဖွင့်ထားရင်း သူ့ဦးခေါင်းနောက်စေ့နဲ့ကြမ်းပြင်နဲ့မရိုက်မိအောင် ရုန်းကန်ပြီးခေါင်းကိုလှည့်လိုက်တယ်။ သူ့အသိစိတ်တွေမဆုံးရှုံးခင်တစ်စက္ကန့်အလိုမှာ ထောင်စောင့်ရဲ့မျက်နှာကို သူ နောက်ဆုံးတော့ တွေ့မြင်သွားခဲ့တယ်။
အဲ့ဒါက လုံးဝကိုနက်မှောင်နေတဲ့ဝတ်ရုံတစ်ခု ဝတ်ထားတယ်။ သူ့ဦးခေါင်းက လုံးဝိုင်းပြီး သူ့မျက်လုံးတွေက ကြီးမားပေမယ့် မျက်စိမပါ,ပါဘူး။ ဟောင်းလောင်းဖြစ်နေတဲ့မျက်လုံးအိမ်တွေကသာ မျက်နှာပေါ်မှာ မြုပ်သွင်းထားတယ်။ ဆံချည်မျှင်သွေးကြောတွေက မျက်လုံးအိမ်မှာ မကျန်ခဲ့ပဲ ချုပ်ရိုးလိုသံမှိုတွေက မျက်လုံးအိမ်အပြင်ဘက်မှာ ထွက်နေတယ်။ ဒီသွေးချည်မျှင်တွေက မျက်လုံးအိမ်ရဲ့အနေအထားကိုထိန်းသိမ်းထားပေးဖို့မူတည်နေသလိုပါပဲ။ အနီရောင်လိုင်းတွေက မျက်လုံးအိမ်ကိုရစ်ပတ်ထားပြီး ၎င်းရဲ့ခေါင်းနောက်မှာ တဖျပ်ဖျပ်တုန်ခါနေတယ်။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
