256: Vol 17: 13

2.5K 484 12
                                    

Unicode

နောက်ကျောသရဲရဲ့မျက်လုံးတွေက အရမ်းဒေါသထွက်နေပုံဟာ ရှောင်လီရဲ့အာရုံစိုက်မှုကို ဖမ်းမိသွားတယ်။ ရှောင်လီက တစ်ခဏလောက် တွေဝေနေတယ်။ သူက နောက်ကျောသရဲရဲ့ပျားနေတဲ့ရင်ဘက်ကိုကြည့်ပြီး အမှန်ပြင်ပေးလိုက်တယ်။
"ဒါဆို အမေဆိုရင်ရော?"

နောက်ကျောသရဲ : ".........."

သွားစမ်း။ အဲ့ဒါက အဖေဆိုတာထပ် ပိုကောင်းမနေဘူးဟ။ သူက ခါးသီးစွာ အံကြိတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို အပေါ်အောက် လှုပ်ရှားလိုက်တယ်။ သူက ကလေးသရဲရဲ့ခြေထောက်နှစ်ချောင်းကို အောက်ကနေကိုင်ထားပြီး အားစိုက်ထုတ်လိုက်ဖို့ အဆင်သင့်ပါပဲ။

၎င်းက ယားယံစေတာကြောင့် ဖြစ်နိုင်တယ်။ ဆင်ခြင်တုံတရားကင်းမဲ့သေးတဲ့ ကလေးသရဲက သူ့ခြေထောက်တစ်ဒါဇင်ကျော်နဲ့ ကန်ကျောက်လိုက်ပြီး တစ်ခစ်ခစ်ရယ်မောလိုက်လေတယ်။ ဒီရယ်မောသံကြောင့် နောက်ကျောသရဲက ကိုင်ထားတဲ့ခြေထောက်နှစ်ချောင်းကို အရှင်လတ်လတ် ဆုတ်ဖြဲပစ်ချင်လာတယ်။ မြင်ကွင်းက 'ငါ့သားကို နှစ်ခြမ်းခွဲလိုက်တော့မယ်' ဆိုတာကနေ 'ငါ့သားခြေထောက်ကို ကလိထိုးနေတယ်' ဆီကို ပြောင်းလဲသွားလေတယ်။

ရှောင်လီက သက်ပြင်းချလိုက်တယ်။
"အဖေနဲ့သားတို့ရဲ့ လှပတဲ့ ချစ်ခြင်းမြင်ကွင်းတစ်ခုပဲ"

ကုန်းမင်မင်, "......."

သူမက ရှောင်လီ့ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

အဲ့အချိန်မှာပဲ ဆန်းချီလင်က သူ့ရှေ့ကပျော်ရွှင်ဖွယ်မြင်ကွင်းကို လက်မခံနိုင်ပါဘူး။ သူ့လက်ထဲက မှော်တုတ်တံကို ညှစ်လိုက်ပြီး သူ့မျက်ခုံးမွှေးအလယ်တည့်တည့်မှာ သွေးစက်တို့လိုက်ပြီးနောက် တင်းမာခက်ထန်စွာ အော်လိုက်တယ်။
"ဝိဥာဉ် ပြန်လာခဲ့။ အာရုံစူးစိုက်ထားစမ်း!"

ကလေးသရဲက တစ်ကိုယ်လုံး တုန်လှုပ်သွားတယ်။ ပြန့်ကျဲနေတဲ့မျက်နှာအမူအရာက ကြီးမားတဲ့နာကျင်မှုကို ခံစားလိုက်ရသလို ရှုံ့မဲ့သွားလေတယ်။ ၎င်းက သူ့လက်ခြောက်ဖက်နဲ့ ခေါင်းကို ဖုံးအုပ်လိုက်ပြီး ပြင်းပြင်းထန်ထန်ကို တုန်ယင်နေတယ်။ နောက်ဆုံး ထိန်းချုပ်နိုင်သွားပုံရပြီး ဆန်းချီလင်ကို လှည့်ကြည့်လိုက်တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now