Unicode
ညမှာ မြူတွေက အရင်ကထပ် ပိူထူထဲနေတယ်။ အစိုင်အခဲကိုယ်ခန္ဓာဖြစ်လာတော့မယ့်ထိ တစ်လွှာပြီးတစ်လွှာဆင့်နေလေတယ်။ ဒီအပြောင်းအလဲကို အကဲဖြတ်ရရင် မြူတွေဟာ သူတို့ရောက်လာတဲ့နေ့ကထပ် ပိုပိုထူလာပုံပေါက်တယ်။ သူတို့ ပထမဆုံးဝင်လာတုန်းက မီးခိုးရောင်ဇာပုဝါးပါးလိုဖြစ်နေပြီး အခုတော့ထူထဲတဲ့မြူထဲမှာ မြင်နိုင်တဲ့အကွာအဝေးက မီတာတစ်ဝက်လောက်ကို လျော့ကျသွားတယ်။
ပြတင်းပေါက်အပြင်ဘက်မှာ လေထန်နေတယ်။ ကူးပြောင်းဝင်ရောက်သူတွေက အခန်းထဲမှာ တံခါးနှင့်ပြတင်းပေါက်ကိုပိတ်ပြီးနေနေတာတောင်မှ ပြတင်းပေါက်ကို လာတိုက်ခတ်နေတဲ့ လေရဲ့ပြင်းထန်တဲ့အသံကို ကြားနေရပါသေးတယ်။ အပြင်ဘက်ဥယျာဉ်မှအပင်တစ်ချို့ဟာ အမြစ်ကနေကျွတ်ထွက်ပြီး ပြတင်းပေါက်ကို လာရိုက်ခတ်နေတယ်။ ထန်လီက ဒါကိုတွေ့တော့ နှလုံးသားတွေကွဲကြေသလိုခံစားရတာကြောင့် မမြင်ရအောင် ရှောင်လီ့အိတ်ကပ်ထဲမှာပဲ နစ်မြုပ်ဝင်နေလေတယ်။
ရှောင်လီက ဆိုဖာပေါ်မှာထိုင်နေပေမယ့် ဝမ်ဝမ်ဝမ်နှင့်တခြားလူတွေရဲ့ အတင်းအဖျင်းတွေပြည့်နေတဲ့အကြည့်ဒဏ်ကို သည်းမခံနိုင်တော့ပေ။ အချိန်အတော်ကြာပြီးနောက် သူ မတ်တပ်ထရပ်ကာ ထမင်းစားစားပွဲရဲ့ တစ်ဖက်ခြမ်းမှာ သွားပုန်းနေလိုက်တယ်။ သူက အဝါရောင်စာအုပ်လေးကိုရှေ့ချပြီး အချိန်အတော်ကြာအောင် စဉ်းစားနေတယ်။
စောစောတုန်းက ဝမ်ဝမ်ဝမ် သူ့ကိုစကားပြောတဲ့အခါ သူက အဲ့ဒီလူကို ဆွံအနေတဲ့အကြည့်သာ ပေးလိုက်နိုင်တယ်။ ဝမ်ဝမ်ဝမ်ရဲ့ တောင်စဉ်ရေမရစကားတွေနားထောင်ပြီး သူ စကားလမ်းကြောင်းလွှဲလိုက်တယ်။ ထူးဆန်းတဲ့အရာက သူဟာ အဲ့ဒီအကြောင်းကို ချက်ချင်းမရှင်းပြခဲ့ဘူး။
သူ့ရဲ့စရိုက်အရ အချိန်အတော်အကြာထဲက အဲ့ဒီအကြောင်းကို ရှင်းခဲ့မှာပဲ။ ဒါဆို အခုကျတော့ရော? ဒီအဖွဲ့ဟာ အရမ်းပျင်းစရာကောင်းလွန်းလို့ သူ ရှင်းပြရမှာကို ပျင်းနေလို့လား? ဒါမှမဟုတ်....?
သူ ဒါကိုစဉ်းစားနေရင်း လူငယ်လေးရဲ့မျက်လုံးတွေက အောက်စိုက်နေတယ်။ ရှည်လျားတဲ့မျက်တောင်တွေက သူ့ရဲ့စိတ်ရှုပ်ထွေးနေတဲ့မျက်ဝန်းကို ဖုံးကာထားတယ်။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Terrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
