204: Vol 15: 16

4.6K 778 32
                                        

Unicode

Ouroboros ရဲ့မှန်ထဲက 'ဝေးဝေးပြေး!!!' ဆိုတဲ့စကားလုံးတွေဟာ အတော်လေးကို မျက်စိဖမ်းစားနိုင်အောင် တောက်ပနေတယ်။ အဲ့ဒါက လူတွေရဲ့မျက်လုံးထဲ ဝင်လာတယ်။

ရှောင်လီက ပဟေဠိဖြစ်နေတဲ့ အမူအရာ လုပ်လိုက်တယ်။ "???"

သူက တစ်ဖက်လူနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အပေးအယူလုပ်ခဲ့တယ် မဟုတ်ဘူးလား? ဘာကြောင့် သူမက ထွက်ပြေးမှာလဲ?!

ထိတ်လန့်စရာကောင်းတဲ့ဟောကိန်းတစ်ခုကို မြင်ရလိမ့်မယ်လို့ တွေးနေတဲ့ ရှေ့ဖြစ်ဟောသူ : "......."

သူမရဲ့အနီရောင်မျက်လုံးထောင့်ဟာ ရှုံ့မဲ့သွားတယ်။ ပြေးရမှာလား? Ouroboros ရဲ့မှန်ဟာ ရှေ့ဖြစ်ဟောသူတွေအားလုံး အိပ်မက်မက်ရတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပဲ။ အခု ၎င်းက ဟောကိန်းတစ်ခုကိုတောင်မထုတ်ပဲ သူမကို ထွက်ပြေးဖို့ တိုက်ရိုက်သတိပေးနေတယ်လား?

ရှေ့ဖြစ်ဟောသူက ရှောင်လီကို ထပ်ကြည့်လိုက်တော့ ဒီလူဟာ လျှို့ဝှက်ဆန်းကြယ်ပြီးခန့်မှန်းရခက်တယ်လို့ ပိုပြီး ခံစားလာရတယ်။ ကြင်နာတတ်တဲ့အကြီးအကဲဖြစ်လာတဲ့အဘိုးအိုတောင်မှ နတ်ဆိုးလူသားရဲ့ဖမ်းဆီးခြင်းခံရပြီး သူမကိုသတိပေးဖို့ ကြီးမားတဲ့အန္တရာယ်နဲ့ စွန့်စားခဲ့ရတယ်။ ဟောကိန်းဆိုတာက ရှေ့ဖြစ်ဟောခြင်းရဲ့ဦးတည်ချက်ပဲ။ အထိုက်အလျှောက်တော့ သူတို့တွေက တူညီတဲ့ရင်းမြစ်က လာကြတာပဲ။ သူမက အဲ့ဒီအဘိုးအိုနဲ့ တခါမှာ မတွေ့ဆုံခဲ့ဖူးပေမယ့် ဒီအခိုက်အတန့်မှာ ရှေ့ဖြစ်ဟောသူက သူ့ကိုယုံကြည်ဖို့ပဲ ရွေးချယ်လိုက်တယ်။

သူမရှေ့က ခရစ်စတယ်ဘောလုံးကို သူမအိတ်ထဲကောက်ထည့်ပြီး သူမရဲ့အိုမင်းနေတဲ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်အောင်ပဲ ပေါ့ပါးဖျက်လတ်မှုကို အသုံးချပြီးသူမရှေ့မှာပိတ်နေတဲ့စားပွဲကို ချေမွဖျက်စီးကာ အပြင်ဘက်ကို ပြေးထွက်သွားလိုက်တယ်။

သို့သော်လည်း သူမဟာ တံခါးဘောင်ကိုကျော်ပြီး ခြေတစ်လှမ်းတောင်မချရသေးခင်မှာပဲ ရှောင်လီ့အိတ်ကပ်ထဲကနေ အချိန်အတော်ကြာထဲကထွက်လာပြီး ကြမ်းပြင်မှာတရစ်ဝဲဝဲလုပ်နေတဲ့ဆံပင်တွေက လှုပ်ရှားလိုက်တယ်။ အရုပ်လေးက ရှေ့အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်တယ်။ အနက်ရောင်ဆံပင်တွေဟာ ရှေ့ဖြစ်ဟောသူရဲ့အာရုံတွေ ခေါင်းတလားနှင့်မှန်ဆီရောက်နေတာကို အခွင့်ကောင်းယူပြီး အမှောင်ထုထဲမှာ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက်နေနေတာပဲ ဖြစ်တယ်။ အခု ရှေ့ဖြစ်ဟောသူရဲ့ခြေချင်းဝတ်ကို တိုက်ရိုက်ဆွဲပြီး သူမကို ချော်လဲကျအောင် လုပ်လိုက်တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now