- 10 -

94 11 0
                                    

Unicode

ဖန်ကျင့်ယွမ်တို့ မိသားစုသည် မကျယ်လွန်းသော သုံးထပ်အဆောက်အဦးတစ်ခု ပိုင်ဆိုင်ပြီး သူတို့မိသားစုက ဒုတိယထပ်တွင် နေထိုင်၏။ တတိယထပ်ကို ငှားရမ်းရန်အတွက် အလွတ်ထားထားပြီး ပထမထပ်တွင်မူ စတိုးဆိုင် ဖွင့်ထားသည်။ ဖန်ကျင့်ယွမ်၏ဖခင်သည် တစ်နှစ်လုံး အပြင်တွင် အလုပ်လုပ်ပြီး တရုတ်နှစ်ကူးချိန်ရောက်မှသာ အိမ်သို့ပြန်လာသည်။ တက္ကသိုလ်ပထမနှစ်ကျောင်းသားဘဝ၏ နွေရာသီအားလပ်ရက်ကာလတွင် ဖန်ကျင့်ယွမ်နှင့် သူ့မိခင်သာ အိမ်တွင် ရှိနေခဲ့ပါ၏။

နွေရာသီအားလပ်ရက် စသည်နှင့်တစ်ပြိုင်နက် ရာသီဥတုသည်လည်း အလွန်ပူပြင်းလောင်မြိုက်နေ တော့သည်။ နေ့လည်ဘက်များတွင် ဖန်ကျင့်ယွမ်၏
အမေသည် ဘေးတစ်ဖက်ခြံရှိ မာကျောက်ကစားရုံ သို့ မာကျောက် သွားကစားလေ့ရှိသည်။ ထိုအချိန်များတွင် ဖန်ကျင့်ယွမ် တစ်ယောက်ထဲ စတိုးဆိုင်ငယ်အား စောင့်ကာ ဈေးရောင်းပေးရသည်။

ဆိုင်ထောင့်တစ်နေရာတွင် မတ်တပ်ပန်ကာကြီးတစ်ခုရှိသည်။ ထိုပန်ကာဦးခေါင်းက ဘေးပတ် ပတ်လည်ကို လှည့်ပတ်ကာ လှည့်လိုက်တိုင်း တဂျစ်ဂျစ်အသံများ ထွက်လေ့ရှိသည်။ သို့ပါသော်လည်း ပန်ကာလေသည် အပူချိန်အား တွန်းလှန်နိုင်ခြင်း မရှိ။

ထို တစ်ခုသော နွေနေ့လည်ခင်းတွင် ယွီဟိုင်ရန်သည် ပထမဆုံးအကြိမ်အဖြစ် ဖန်ကျင့်ယွမ်ရှေ့မှောက်သို့ ရောက်ရှိထွက်ပေါ်လာခြင်း ဖြစ်သည်။

ရှရှင်းချန်သည် ငွေရှင်းကောင်တာတွင် ထိုင်နေခဲ့ပါ၏။ စားပွဲအား ရှင်းလင်းလိုက်စေပြီး စတိုးဆိုင်၏ စာရင်းစာအုပ်အား ဖြန့်ကာ စားပွဲပေါ် တင်လိုက်သည်။

ရန်ရို့မင်က စားပွဲနဘေးတွင် ရပ်နေခဲ့ပြီး သူ့လက်ထောက်နှင့် ရယ်ရယ်မောမော စကား‌ပြောနေပါသည်။ တစ်ချိန်ထဲတွင်ပင် မိတ်ကပ်ပညာရှင်က သူ့အား မိတ်ကပ် အဆင်ပြေ၊မပြေ ကြည့်ရှုပြုပြင်ပေးနေသည်။
ထိုလက်ထောက်မှာ အသက်သုံးဆယ်ကျော်ခန့် အမျိုးသမီးဖြစ်သူ 'လီယင်' ဖြစ်ပြီး သူနှင့် နှစ်ပေါင်း များစွာ အလုပ်တွဲလုပ်နေသူ ဖြစ်၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now