- 27 -

74 10 0
                                    

Unicode

မာမားဖန် အူအတက်ပေါက်နေခြင်း ဖြစ်၏။ အမှန်မှာ သူမသည် အချိန်အတော်ကြာကတည်းက နာကျင်နေခဲ့သော်လည်း ယခုလောက်အထိ ပြင်းထန်မည် မထင်ခဲ့၍ ဆေးရုံမသွားခဲ့သည့်အပြင် ဖန်ကျင့်ယွမ်ကိုလည်း မပြောခဲ့။ ထိုညက သူမ အိပ်မောကျနေခဲ့ရာမှ အလွန်အမင်း နာကျင်လာမှု‌ကြောင့် သည်းမခံနိုင်တော့ဘဲ တစ်ဖက်ခန်းရှိ သားဖြစ်သူအား အော်ခေါ်လိုက်ခြင်း ဖြစ်၏။

ဖန်ကျင့်ယွမ် တစ်ဖက်ခန်းသို့ အလျင်အမြန်ပြေးလာကာ သူ့မိခင်၏ ကုတင်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ ဆံပင်များတွင်ပါ ချွေးများရွှဲနစ်နေကာ နာကျင်ဝေဒနာ အပြင်းအထန်ခံစားနေပုံရသည့်
သူ့မာမားအား တွေ့လိုက်ရသည့်အခါ သူ မဆိုင်းမတွ ပြောလိုက်ပါ၏။

"သား မာမားကို ဆေးရုံခေါ်သွားပေးမယ်!"

နယ်ဆေးရုံငယ်သည် သူတို့အိမ်နှင့် သိပ်မဝေး။ လမ်းလျှောက်သွားလျှင် ဆယ်မိနစ်ကျော်ကျော်‌ခန့်တွင် ရောက်နိုင်သည့် အကွာအဝေးပင်။ သို့သော် အနီးအနား၌ အငှားယာဉ်များ မရှိသည့်အပြင် ဤအချိန်ကြီးတွင် သုံးဘီးယာဉ်များသည်လည်း မရှိနိုင်။

ဖန်ကျင့်ယွမ်သည် သူ့အာမားကို ထူပေးလိုက်ကာ အိပ်ယာထက်တွင် ဆောင့်ကြောင့် ထိုင်လိုက်စေသည်။

"သားပေါ်ကို တက်လိုက်.. မာမားကို ဆေးရုံအထိ ကုန်းပိုးသယ်သွားပေးမယ်"

ထိုအချိန်တွင် ယွီဟိုင်ရန်က ပွ့င်နေသည့် အခန်းတံခါးကို ခေါက်လိုက်ရင်း ပြောပါ၏။

"ကျွန်တော် ပို့ပေးပါ့မယ်"

ဇာတ်ညွှန်းထဲတွင် ထိုနေ့ညက ယွီဟိုင်ရန်သည်
မာမားဖန်ကို ကျောပိုးကာ ဆေးရုံခေါ်သွားပေးသည်။
ဖန်ကျင့်ယွမ်ကို ဆေးရုံကိစ္စများနှင့် ပတ်သက်၍ ကူညီ‌ပေးပါ၏။ ထို့နောက် မာမားဖန်ကို စစ်ဆေးသည့် အခန်းမှ ခွဲစိတ်ခန်းသို့ ပို့ပေးသည်။

ခွဲစိတ်ခန်းအပြင်ဘက်တွင် စောင့်နေစဉ်တွင်
ဖန်ကျင့်ယွမ်က အရင်စ၍ ယွီဟိုင်ရန်၏လက်ကို ဆုပ်ကိုင်ထားခဲ့သည်။ ယွီဟိုင်ရန့်အပေါ် သူ့ ထုတ်ဖော်မ‌‌ပြောနိုင်သည့် ကျေးဇူးတင်မှုအား သိနားလည်စေလိုခြင်းဖြစ်ပါ၏။ တစ်ဆက်ထဲမှာပင် ယွီဟိုင်ရန်အပေါ် သူ့ မှီခိုမှုအား ပြသလိုက်ခြင်းလည်း ဖြစ်သည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now