- Extra Chapter 2.4 -

214 15 1
                                    

Unicode

ရုပ်ရှင်ဧကရာဇ် - ၄

ရှရှင်းချန် သူ့ဖုန်းကို ပြန်သိမ်းလိုက်ပြီးနောက် ကားထဲတွင် တစ်ခဏခန့်ကြာသည်အထိ တိတ်ဆိတ်သွားတော့သည်။ သူ ရန်ရို့မင်ထံ လှည့်ကာ ပြောလာ၏။

"ရှောင်းရွှမ်ပြောဖူးတာက သူက ကျွန်တော့်ကို နှစ်တွေအကြာကြီး ကြိုက်လာခဲ့တဲ့ ပရိသတ်တဲ့"

သူ့လေသံတွင် သူကိုယ်တိုင်အပေါ် ကျေနပ်အားရနေဟန် အနည်းငယ်စွက်နေလေ၏။

ရန်ရို့မင်ထံမှ ရယ်သံတိုးတိုးထွက်လာပြီးနောက် ပြန်ပြောသံကို တိုင်ရှောင်းရွှမ် ကြားလိုက်ရသည်။

"တကယ်လား?"

တိုင်ရှောင်းရွှမ် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ကျွန်မ မင်ကောကိုလည်း ကြိုက်ပါတယ်.. ကျွန်မက 'တဖြည်းဖြည်းကွာဝေးခြင်း' ကို ကြိုက်တယ်လေ၊ ကျွန်မ တစ်ကယ်ကိုပဲ မင်ကောတို့ နှစ်ယောက်လုံးကို ကြိုက်တာ"

ရန်ရို့မင်သည် ဘေးတစ်ဖက်သို့ ခေါင်းကို တိမ်းငဲ့လိုက်ကာ ခေါင်းညိတ်ပြရင်း ဆိုသည်။

"ကျေးဇူးတင်ပါတယ်"

တိုင်ရှောင်းရွှမ်သည် သတ္တိအနည်းငယ်မွေးကာ ထုတ်ပြောလိုက်၏။

"အခု မင်ကောတို့နှစ်ယောက် အရမ်းရင်းနှီးနေကြတာကို မြင်ရတာက ကျွန်မကို တကယ်ပဲ ပျော်ရွှင်စေတယ်"

ထိုစကားများ သူမနှုတ်မှ ထွက်သွားပြီးသည်နှင့် ရှရှင်းချန်နှင့် ရန်ရို့မင်တို့ တစ်ယောက်ကိုတစ်ယောက် ဖျတ်ကနဲကြည့်လိုက်ကြသည်ကို သူမ မြင်လိုက်ရလေသည်။

ထို့နောက် ရှရှင်းချန်က တိုင်ရှောင်းရွှမ်ထံ လှည့်လာရင်း ဆို၏။

"စိတ်မပူနဲ့.. ကျွန်တော်တို့ အမြဲတမ်း ဒီလိုပဲ ရင်းရင်းနှီးနှီး ရှိလာခဲ့ကြတာ"

တိုင်ရှောင်းရွှမ် မရယ်မိအောင် ထိန်းမထားနိုင်ခဲ့။ ထို့နောက် ချက်ချင်းပင် သူမ၏ ပွင့်လင်းလှသော မြူးတူးမှုအပေါ် ရှက်မိသွားပါသည်။ တိုင်ရှောင်းရွှမ် တစ်ယောက် လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကိုင်ကာ ပွတ်သပ်လိုက်မိရင်း စကားစုတစ်ခုက စိတ်ထဲသို့ ဝင်လာ၏ : အခုကစပြီး ငါ့ဘဝကတော့ ပြည့်စုံသွားပြီ။

You've reached the end of published parts.

⏰ Last updated: May 17 ⏰

Add this story to your Library to get notified about new parts!

The Star Around The Sun (Burmese Translation)Where stories live. Discover now