- 43 -

79 11 0
                                    

Unicode

သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့သားတို့သည် နောက်တစ်နေ့ နံနက် အာရုဏ်မတက်ခင်တွင် ဟိုတယ်မှ ထွက်လာကြကာ ရိုက်ကူးရေးတည်ရှိရာ မြို့ငယ်လေးသို့ ထွက်လာခဲ့ကြပါ၏။

ရှရှင်းချန်သည် ကားပေါ်တွင် အိပ်ပျော်‌နေပါ၏။ သူ့အိပ်ကပ်ထဲရှိ ဖုန်းသည် ဆက်တိုက်ဆိုသလို တဒီးဒီး တုန်ခါနေသော်လည်း သူ့တွင် ဖုန်းထဖွင့်ကြည့်လိုက်ရန် အင်အားရှိမနေ။

ရိုက်ကွင်းတည်ရှိရာနေရာသို့ ရောက်ခါနီးအချိန်တွင်
ရှရှင်းချန် အိပ်မှုန်စုံမွှားဖြင့် နိုးလာခဲ့ကာ ဖုန်းကိုဖွင့်ကြည့်လိုက်သည်။ WeChat တွင် ဟွမ်းကျီရှင်းထံမှ စာများ ဝင်နေသည်။

ပထမတစ်စောင် : "မနေ့ညက ရုပ်ရှင်ဧကရာဇ်နဲ့အတူ ညလည်စာ ထွက်စားခဲ့တာလား?"

ဒုတိယတစ်စောင် : "ငါ Weibo ပေါ်မှာ ဓါတ်ပုံတွေ တွေ့လိုက်လို့"

တတိယတစ်စောင် : "မဆိုးဘူး.. ရန်ရို့မင်၊ ဟေးကျန်းတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထား..နောက်ကျရင် မင်း အခွင့်ရေးကောင်းတွေကို ဖမ်းဆုပ်နိုင်လိမ့်မယ်"

စတုတ္ထတစ်စောင် : "ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးမျိုး ထိန်းသိမ်းထားနိုင်တာလည်း ကောင်းတယ်၊ ဒါပေမယ့် လူမြင်ကွင်းမှာ အရမ်းရင်းရင်းနှီးနှီး မနေနဲ့၊ ရုပ်ရှင်ဧကရာဇ်ရဲ့ ပရိသတ်တွေက မင်းကို တိုက်ခိုက်လာမှာကို ငါ စိုးရိမ်တယ်၊ ပြီးတော့ ရုပ်ရှင်ရဲ့ အကြောင်း အရာကလည်း ထိရှလွယ်တဲ့ကိစ္စမျိုးလေ"

ရှရှင်းချန်မှာတော့ စကားလုံးနှစ်လုံးသာ စာပြန်လိုက်ပါ၏ : "သိတယ်"

ဖုန်းကို ဆုပ်ကိုင်ထားရင်း နောက်ဆုံး Weibo ကို မဝင်လိုက်ခင် သူခဏငယ်ခန့် တွေဝေတုံ့ဆိုင်းနေပါ၏။

မွေးနေ့ကတည်းက ရှရှင်းချန် weibo သို့ ဝင်ကြည့်သည်က ရှားလှသည်။ ဝေဖန်တိုက်ခိုက်မှုများကို လုံးဝသည်းမခံနိုင်ခြင်းမျိုး မဟုတ်သော်လည်း အလွန် များပြားသည့် ကြမ်းတမ်းရက်စက်သော ဆဲဆိုမှု၊ စော်ကား တိုက်ခိုက်မှုများကို ကြုံလာရသည့်အခါ သူ့စိတ်အခြေအနေကို အဆိုးအားဖြင့် မရိုက်ခတ်နိုင်အောင် နေထိုင်ရန် ခက်ခဲသည်။ ထိုစိတ်အခြအနေသည် တစ်ဖန်အားဖြင့် ရုပ်ရှင်ရိုက်ကူးခြင်းကိုထိခိုက်စေ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now