- 128 -

77 7 0
                                    

Unicode

ရိုက်ကူးရေးအဖွဲ့သားများနှင့် သရုပ်ဆောင်များ တည်းခိုနေထိုင်သည့် ဟိုတယ်ရှိ စားသောက်ဆိုင်တွင် ညစာစားကြရန် သူတို့ သတ်မှတ်လိုက်ကြပါ၏။

ချန်းဟိုင်လန်နှင့်ရမ်ကျင်းယွမ်တို့ နောက်ဆုံးလေယာဉ်ဖြင့် ရန်ရို့မင်တို့ထံလာရန် ဆုံးဖြတ်လိုက်ကြသည်။ ခရီးစဉ်သည် အချိန်တစ်ခုကြာသည်ဖြစ်ရာ ရန်ရို့မင် သူတို့ထံမှ ဖုန်းခေါ်သည်ကို လက်ခံရရှိချိန်၌ ညကိုးနာရီ ထိုးလုနီးပါး ရှိနေပြီ ဖြစ်၏။

ရန်ရို့မင်နှင့်ရှရှင်းချန်တို့ တတိယထပ်ရှိ စားသောက်ဆိုင်ထံ ဓါတ်လှေကားဖြင့် အတူဆင်းလာလိုက်ကြသည်။ သူတို့ သီးသန့်ခန်းတွင်းသို့ မဝင်လိုက်ခင်တွင် ရန်ရို့မင်ထံ တုကျင်း ဖုန်းဆက်လာသည်။ သူက ဖုန်းဖြေနေစဉ်တွင် ရှရှင်းချန်၏ ပခုံးကို ပုတ်လာကာ အထဲအရင်ဝင်နှင့်ရန် လက်အမူအယာဖြင့် ပြောပါ၏။

သူတို့ရှေ့ရှိ စားပွဲထိုးဝန်ထမ်းသည် တံခါးကို တွန်းဖွင့်ပေးလာပါသည်။ ရှရှင်းချန် သီးသန့်ခန်း၏ အထက်တန်းကျနသောအပြင်အဆင်ကို မြင်လိုက်ရပါ၏။ တံခါးပွင့်လာသည်နှင့် တံခါး၏အနီးဆုံးတွင် ရှိနေသော ရမ်ကျင်းယွမ်သည် မတ်တပ်ထရပ်ကာ ဝင်လာသူများကို ဖော်ဖော်ရွေရွေ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ရှရှင်းချန်တစ်ယောက်ထဲ ဝင်လာသည်ကိုတွေ့သည်၌ သူ့ခြေလှမ်းတို့ အနည်းငယ် တုန့်ဆိုင်းသွားရ၏။ သို့သော် ချက်ချင်းပင် ရှရှင်းချန်အနားသို့ လျှောက်လာကာ နှစ်လိုဖွယ်အပြုံးတစ်ပွင့်ဖြင့် စကားဆိုသည်။

"ရှင်းချန် .. ရောက်လာပြီပဲ"

ရမ်ကျင်းယွမ်နှင့်ရှရှင်းချန်၏ ဆက်ဆံရေးသည် သာမန်ပါပင်။ သူတို့ သိပ်မရင်းနှီးသော်လည်း ကသိကအောက်လည်း ဖြစ်မနေကြ။

ယနေ့ည ညစာစားဝိုင်းထံ ရမ်ကျင်းယွမ် ရောက်လာရသည့် ရည်ရွယ်ရင်းကို ရှရှင်းချန် တိတိကျကျ သိပြီးသား ဖြစ်ပါ၏။ ယခု ရမ်ကျင်းယွမ်က သူ့ကို ပြုံးပြနှုတ်ဆက်သည်ကို မြင်သည်တွင် သူ ခေါင်းညိတ်၍ ပြန်ပြုံးလိုက်ရန်သာ တတ်နိုင်သည်။

သီးသန့်ခန်းတွင် အသေးစား စားပွဲဝိုင်းတစ်ခု ပါရှိ၏။ ရမ်ကျင်းယွမ်အပြင် အခြားသူနှစ်ဦးလည်း ရှိနေသည်။ တစ်ယောက်မှာ ချန်းဟိုင်လန် ဖြစ်ပြီး နောက်တစ်ယောက်က လင်းကျားယွဲ့ပင်။

The Star Around The Sun (Burmese Translation)Where stories live. Discover now