- 121 -

78 7 0
                                    

Unicode

ဆန်းယောင်နှင့်ဟန်ပေါ်ဟန်တို့နှစ်ယောက်အကြား အတန်ကြာသည်အထိ တိတ်ဆိတ်မှုတို့ ကြီးစိုးနေ၏။ ဟန်ပေါ်ဟန်က အမေးစကားဖြင့် ယင်းဆိတ်ငြိမ်မှုကို ပယ်ဖျောက်လိုက်သည်။

"ခင်ဗျား အခု ဘယ်မှာ အလုပ်လုပ်နေလဲ"

ဆန်းယောင် ဟန်ပေါ်ဟန်ကို ကြည့်နေရင်းဖြင့် ပြန်ဖြေသည်။

"အခုလက်ရှိတော့ ကျွန်တော့်မှာ အလုပ်မရှိသေးဘူး"

ဟန်ပေါ်ဟန် ခဏငယ်မျှ တုန့်ခဲသွားတော့၏။

"ခင်ဗျားရဲ့ အရင်ကုမ္ပဏီနဲ့ ဘာဖြစ်ခဲ့လို့လဲ"

ဆန်းယောင် ပြုံးလိုက်ပါ၏။ သူ့မျက်ဝန်းများတွင် အေးစက်စက်အရိပ်အငွေ့တို့ အနည်းငယ် ဖုံးလွှမ်းနေလေသည်။

"မတော်တဆလက်လွန်မှု ဖြစ်ပြီးတဲ့နောက် ချက်ချင်းပဲ ကျွန်တော့်ကို အလုပ်ထုတ်လိုက်တယ်.. ဘယ်ကုမ္ပဏီက လူသတ်သမားကို အလုပ်ခန့်ထားမှာလဲ"

ဟန်ပေါ်ဟန် ပြောလာ၏။

"ဒီလိုမပြောပါနဲ့" ..
"ဥပဒေကြောင်းအရကြည့်မယ်ဆို ခင်ဗျားက လူသတ်သမား မဟုတ်ဘူး"

ထိုတစ်လျှောက်လုံးတွင် ဆန်းယောင်၏ မျက်နှာထက်၌ အပြုံးရိပ်တို့ထင်နေဆဲ။ သို့သော်လည်း ယင်းအပြုံးတွင် ကနဦးကတည်းက နွေးထွေးမှုတစ်စုံတစ်ရာ ရှိမနေပေ။

ဟန်ပေါ်ဟန် ခဏကြာသည်အထိ ဆိတ်ဆိတ်ငြိမ်ငြိမ်
ထိုင်နေလေ၏။

"အဲ့လိုဆို ခင်ဗျားမှာ ဘာအစီအစဉ်တွေ ရှိလဲ? ကျွန်တော် သိတာတော့ ဒီနေရာက ငှားထားတာ၊ ဟုတ်တယ်မလား?"

ဆန်းယောင် ခေါင်းမော့လာကာ အလင်းမှိန်ဖျဖျအိမ်ခန်းကျဉ်းလေးကို ဝေ့ဝဲကြည့်နေပြီးမှ ပြန်ဖြေသည်။

"ဟုတ်တယ်.."

ဇာတ်ဝင်ခန်းသည် ဤနေရာတွင် အဆုံးသတ်သွား၏။ ဟေးကျန်းက ရှရှင်းချန်ကို သူ့အနားခေါ်ကာ ရိုက်ကူးထားသည်ကို ကြည့်စေရင်း ပြောပါသည်။

"ပထမတစ်ပိုင်းက ကောင်းတယ်၊ ဒါပေမယ့် အဆုံးသတ်နားမှာ မင်း အကြည့်တွေက အတော့်ကို မဟုတ်သေးဘူး"

The Star Around The Sun (Burmese Translation)Where stories live. Discover now