- 30 -

86 10 0
                                    

Unicode

ထိုနေ့က ရိုက်ကူးသည့် နောက်ဆုံးဇာတ်ဝင်ခန်းမှာ
ဖန်ကျင့်ယွမ်နှင့် ယွီဟိုင်ရန် ညစာအတူစားကြသည့် အခန်းဖြစ်သည်။

ဖန်ကျင့်ယွမ်သည် ယွီဟိုင်ရန်အတွက် ဘီယာနှစ်ပုလင်း ကို စတိုးဆိုင်မှ ယူလာပေးသည်။ အေပရွန် ချွတ်လိုက်ပြီဖြစ်သော ယွီဟိုင်ရန်သည် ထမင်းစား စားပွဲအစွန်အား မှီရပ်နေပါ၏။ ဖန်ကျင့်ယွမ် လက်ထဲမှ ဘီယာပုလင်းများကို ယူလိုက်ကာ ပုလင်းဖုံးအား သူ့သွားများဖြင့် ဖွင့်လိုက်သည်။

အဖုံးချွတ်ပြီးသည့် တစ်ပုလင်းကို ဖန်ကျင့်ယွမ်ထံ ကမ်းလိုက်ကာ ပြောပါ၏။

"သောက်ချင်လား"

ဖန်ကျင့်ယွမ် ဘီယာပုလင်းအား ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်ပြပါ၏။

"ကျွန်တော် သောက်မယ်"

ယွီဟိုင်ရန်သည် ဖန်ကျင့်ယွမ်အတွက် အထူးစပါယ်ရှယ် အနေဖြင့် ပြင်ဆင်ပေးမည့် ငါးပေါင်းနှင့် ပုဇွန်မွှေကြော် အတွက် ပါဝင်ပစ္စည်းများအား ဈေးတွင် သေချာရွေးဝယ်ခဲ့ခြင်း ဖြစ်သည်။

ညစာစားနေကြစဉ်တွင် ယွီဟိုင်ရန်သည် ဖန်ကျင့်ယွမ်နှင့် စကားတပြောပြောဖြင့် ပုဇွန်များကို အခွံနွှာကာ ဖန်ကျင့်ယွမ်၏ ထမင်းပန်းကန်လုံးထဲသို့ ထည့်ပေးပါသည်။ ပြီးလျှင် လက်ချောင်းများတွင်ကပ်နေသည့် အရသာနှစ်အကျန်များအား လျက်လိုက်ကာ
ဘီယာပုလင်းကို ကောက်ယူလိုက်ပြီး ဘီယာအေး တစ်ငုံ မော့သောက်လိုက်ပါ၏။

ဖန်ကျင့်ယွမ်သည် အခွံနွှာထားသည့် ပုဇွန်ကို တူဖြင့် ညှပ်ယူလိုက်ရင်း ယွီဟိုင်ရန်အား ပြောပါ၏။

"ကျွန်တော့်ကို အာရုံထားမနေနဲ့.. စားမှာသာ စား"

ယွီဟိုင်ရန်သည် ဘီယာပုလင်းကို ပြန်ချလိုက်ကာ ပြုံးရင်း ပြောပါ၏။

"ကိုယ် ‌ဆက်မစားချင်တော့ဘူး"

ပုဇွန်နောက်တစ်ကောင်ကို အခွံနွှာလိုက်ကာ
ဖန်ကျင့်ယွမ်၏ ပန်းကန်လုံးတွင်းသို့ ထည့်ပေးမည်ပြု၏။

ဖန်ကျင့်ယွမ်သည် ချက်ချင်းပင် သူ့လက်ဖဝါးများဖြင့် ပန်းကန်လုံးကို ကာထားလိုက်သည်။ မမျှော်လင့်စွာပင် ယွီဟိုင်ရန်က ပုဇွန်အား သူ့ပါးစပ်‌ရှေ့‌သို့ ‌ကမ်းပေးလာပြီး ထိုပုဇွန်ကို သူ့နှုတ်ခမ်းများနှင့် ထိလိုက်ကာ ဘယ်ညာယိမ်း၍ လှုပ်ခါနေ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now