- 33 -

79 8 0
                                    

Unicode

သန်းခေါင်ယံအလည်တွင် ရှရှင်းချန်သည်
ဟွမ်းကျီရှင်း၏ ဖုန်းကောလ်ကြောင့် နိုးလာရသည်။ အချိန်ကို တစ်ချက်ကြည့်လိုက်သည်တွင် မနက်နှစ်နာရီထိုးအချိန်ကြီး ဖြစ်နေသဖြင့် သူ ချက်ချင်း ဒေါသထွက်မိတော့၏။ ဖုန်းကိုင်လိုက်ချင်းချင်း သူ အရင်ပြောဖြစ်သည်က : "မင်း ရူးနေလား!"

ဟွမ်းကျီရှင်းကလည်း ပြန်ပြောပါ၏။

"ငါလည်း မင်းကို အဲ့ဒါပဲမေးမလို့! မင်း ရူးသွားတာလား!"

ရှရှင်းချန် ခေါင်းကိုမော့လိုက်ကာ သူ့ရှုပ်‌ပွနေသည့် ဆံစများအား ဆွဲဖွကုတ်လိုက်မိ၏။ သူ့ခေါင်းတစ်ခုလုံးသည် ဟိုဘက်၊ဒီဘက် ပစ်ဆော့ခံထားရသကဲ့သို့ ကိုက်ခဲနေလေသည်။ သူပြောပါ၏ ။

"ဘာဖြစ်လို့လဲ"

ဟွမ်းကျီရှင်းက သူ့အား မေးခွန်းများတရစပ်မေးပါတော့သည်။

"မင်း Weibo မှာ ဘာတင်ခဲ့တာလဲ? ဘာ 'မင်း' နဲ့ 'မင်းတို့' က မင်းဘေးမှာလဲ? မင်းကိုမင်း ဘယ်သူထင်နေလဲ?.. ဟမ်!"

ရှရှင်းချန်၏ ဦးနှောက်သည် ပုံဆောင်တုံးပျော့တစ်ခုကဲ့သို့ပင်။

"မင်း ဘာတွေပြောနေတာလဲ"

"မင်း weibo မှာ ပို့စ် တင်လိုက်ပြီး မကြာခင်မှာပဲ မင်း နာမည်က ရန်ရို့မင်နဲ့အတူ hot search မှာ ရောက်နေတာ..ကုမ္ပဏီက hot search ကို မင်းအတွက် ဝယ်ပေးပြီး မင်းက လူထုရဲ့ ရုပ်ရှင်ဧကရာဇ်ကို ကြော်ငြာဖို့အတွက် အသုံးချတယ်လို့ လူတွေက ထင်နေတယ်"

နောက်ဆုံးတွင်တော့ ရှရှင်းချန်၏ ဦးနှောက်သည် အပ်ချည်တစ်စအားဆွဲကိုင်မိသကဲ့သို့။

"ဘာကိုကြော်ငြာရမှာလဲ"

ဟွမ်းကျီရှင်း၏အသံရှိ ဒေါသသည် လျော့နည်းမသွား။

"ဘာကိုကြော်ငြာရမှာလဲ ဟုတ်လား? မင်း စာတတ်လား မတတ်ဘူးလား? အဲ့မှာရေးလိုက်တာက မင်းက ဆက်ဆံရေး တစ်ခုကို လူသိရှင်ကြား အသိပေးတော့မယ့်ပုံစံမျိုး.. မင်း ပြော ငါ့ကို .. ဘယ်သူနဲ့လဲ. ရန်ရို့မင်လား?"

ရှရှင်းချန်သည် ညမီးအိမ်ကို ထွန်းလိုက်သည်။ ဝါကျင့်ကျင့် အလင်းရောင်သည် ခဏချင်းပင် သူ့မျက်နှာကို ထင်ဟပ်လာ၏။ သူ့မျက်ဝန်းတို့အလိုလို ကျဉ်းကျုံ့သွားကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။ သူ ဟွမ်းကျီရှင်းကို မေးလိုက်ပါ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now