- 115 -

80 6 0
                                    

Unicode

'ထောင်ချောက်' ရုပ်ရှင်၏ အဓိကသရုပ်ဆောင်များကို အင်တာနက်ပေါ်တွင် တစ်ယောက်ချင်း ထုတ်ဖော်ကြေငြာလိုက်ပြီ ဖြစ်၏။ ဟေးကျန်း၊ ရန်ရို့မင်နှင့် ရှရှင်းချန်တို့ နောက်ထပ်တစ်ကြိမ် အလုပ်အတူတွဲလုပ်ကြမည့်သတင်းသည် အင်တာနက်သုံးစွဲသူများအကြား အရှိန်အဟုန်ပြင်းပြင်းဖြင့် ပျံ့နှံ့သွားကာ ထင်မြင်ယူဆချက်မျိုးစုံကိုလည်း ပြောဆိုနေကြသည်။

ယင်းတို့ကို လျစ်လျူရှုထားရန် ရှရှင်းချန် သူ့ကိုယ်သူ အားတင်းထားပါ၏။ ယင်းမှတ်ချက်တို့က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူ၏ ရုပ်ရှင်ရိုက်ကူးရေးအပေါ် မည်သို့မှ အကူအညီမဖြစ်ပေ။ အချိန်နီးကပ်လာသည်နှင့်အမျှ သူလိုအပ်သည့်အရာသည် သူ့ကိုယ်သူ တည်ငြိမ်အောင် အာရုံစုစည်း၍ ဇာတ်ကောင်ကာရိုက်တာအတွင်းသို့ ဝင်ရောက်နိုင်ရန်သာ ဖြစ်သည်။

သူ့စိတ်တွင် စနိုးစနောင့်ဖြစ်နေမိသည့် တစ်ခုထဲသောကိစ္စမှာ သူနှင့်ရန်ရို့မင်တို့ ထပ်မံ၍အလုပ်အတူတွဲလုပ်သည့်အ‌‌ပေါ် လူထုပရိသတ်၏ ထင်မြင်ပြောဆိုချက်များမဟုတ်၊ သရုပ်ဆောင်စာရင်းတွင်ပါလာသည့် ပရိသတ်နှင့်မရင်းနှီးသည့် အမည်တစ်ခုကြောင့် ဖြစ်သည်။

၎င်းသည် 'ထောင်ချောက်' ရုပ်ရှင်တွင် အရေးအကြီးဆုံး အမျိုးသမီးဇာတ်ကောင်ဖြစ်ပါ၏။ သရုပ်ဆောင်မင်းသမီး၏ အမည်သည် လင်းကျားယွဲ့ ဖြစ်သည်။

လင်းကျားယွဲ့သည် ရမ်ယွီချန်း၏ မြေးဖြစ်ပြီး ရမ်ကျင်းယွမ်၏ တစ်ဝမ်းကွဲညီမဖြစ်၏။ သူမ၏ အဖိုးနှင့် အစ်ကိုသည် ထင်ရှားကျော်ကြားသော်လည်း သူမကိုယ်တိုင်ကမူ တရားဝင် ပွဲဦးထွက်စတင်မှု မပြုရသေး။ ယခု ထိုအမျိုးသမီးဇာတ်ကောင်နေရာသည် သူမအနေဖြင့် ရုပ်ရှင်တစ်ကားတွင် ပထမဆုံးပါဝင်လာကာ ဖျော်ဖြေရေးအသိုင်းအဝိုင်း၌ ပထမဆုံးပေါ်ထွက်လာခြင်း ဖြစ်၏။

သူနှင့်ရန်ရို့မင်တို့ ရမ်ယွီချန်း၏အိမ်တွင် လင်းကျားယွဲနှင့် ပထမဆုံးတွေ့ဖူးခဲ့ချိန်ကို ရှရှင်းချန် ယခုအထိ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ ထိုအချိန်တုန်းက လင်းကျားယွဲ့သည် ရန်ရို့မင်အ‌ပေါ် သာမန်မဆန်သည့် အသေးစိတ်ဂရုထားမှုတို့ ရှိခဲ့ပုံအားလည်း သူ ကောင်းကောင်းမှတ်မိနေပါ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now