- 39 -

77 9 0
                                    

Unicode

ရှရှင်းချန်သည် မရပ်တန့်နိုင်‌သေးသည့် အိပ်မပျော်သော ဝေဒနာကြောင့် ညရောက်မည်ကို ကြောက်စပြုလာပြီ။

ညလည်ဘက်အိပ်‌ပျော်‌နေရာမှ နိုးလာပြီး ပြန်အိပ်မရလျှင် သူ ဘာလုပ်နေရပါ့မလဲဟု သူ အိပ်ယာထဲ အနားမယူရသေးမီတွင် စဉ်းစားနေမိပါ၏။ ဤကြာမြင့်ရှည်လျားသည့် အိပ်မပျော်မှုဝေဒနာသည် သူ့ စိတ်အခြေအနေအား ပိုတိုး၍ဆိုးရွားစေမည်လားဟု သူ ပူပန်နေပြန်သည်။

အမှန်ဆိုလျှင် ၎င်းသည် စိတ်ပိုင်းဆိုင်ရာ တစ်ကိုယ်ရည် အယူအဆတစ်မျိုးမှန်း ရှရှင်းချန်သိသော်လည်း သူ ထိုစိုးရိမ်ပူပန်ခြင်းများကို ပယ်သတ်နိုင်ခြင်း မရှိသေး။

ရေချိုးပြီးနောက် ရှရှင်းချန် ရေချိုးဝတ်ရုံကို ဝတ်ထားရင်းဖြင့်ပင် အိပ်ယာ‌ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ laptop ထဲမှ သာယာညင်းပျောင်းသည့် သံစဉ်တို့ကို ဖွင့်ပါ၏။ ယင်းနည်းက မည်မျှလောက် အကျိုးသက်ရောက်ခြင်းရှိမည်ကို သူမသိသော်လည်း အနည်းဆုံးတော့ဖြင့် သူကြိုးစားကြည့်ချင်သည်။

ဂီတသံစဉ်တို့ကို ဖွင့်လိုက်ပြီး မကြာခင်တွင်ပင် အခန်းတံခါးခေါက်သံကို ကြားလိုက်ရပါ၏။ တံခါးကို
သွားဖွင့်သည်တွင် အပြင်ဘက်တွင် ရပ်နေသည့်
ရှောင်းထန်ကို တွေ့လိုက်ရတော့သည်။

ရှောင်းထန်က အမျိုးအမည်မသိရသည့် ပစ္စည်းများအား လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း သူ့အနောက်မှနေ၍ အခန်းထဲလိုက်ဝင်လာသည်။

"ရှင်းကော.. ကျွန်တော် ကောအတွက် နွးနို့ပူပူလေးတစ်ခွက် ယူလာတယ်"

ရှရှင်းချန်က သူ့ကို လှည့်ကြည့်လိုက်ပါ၏။

"နွားနို့ပူပူက ဘယ်နေရာကနေ ရလာတာတုန်း"

ရှောင်းထန်သည် လက်ထဲရှိပစ္စည်းများကို တီဗွီစင်ပေါ် တင်လိုက်ကာ အပူခံခွက်ကို ရှရှင်းချန်ထံကမ်းပေးပါ၏။

"ကျွန်တော်က ဟိုတယ်က အစားအသောက် တာဝန်ရှိတဲ့လူကို နွားနို့နွှေးခိုင်းထားတာ"

ရှရှင်းချန် ခွက်ကို လှမ်းယူလိုက်သည်။ နွားနို့ခွက်ကို ခေတ္တခန့် ငုံ့ကြည့်နေပြီးနောက် ရှောင်းထန်ကို ပြန်ကြည့်ပြန်သည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now