- Extra Chapter 1.4 -

96 9 0
                                    

Unicode

ရန်ရို့မင်၏ "တဖြည်းဖြည်းကွာဝေးခြင်း" - ၄

ယွီဟိုင်ရန်၏ဇနီး ထွက်ပေါ်လာသည်နှင့်အတူ ရိုက်ကူးရေးရှိ ရာသီဥတုသည်လည်း တဖြည်းဖြည်းဖြင့် မှိုင်းညို့လာပါ၏။

ရုပ်ရှင်၏ ရှေ့ဆက်သွားနေသည့်ဇာတ်ကြောင်းကြောင့် မကြာခဏဆိုသလိုပင် ရှရှင်းချန်၏ စိတ်နှလုံးကို ထိခတ်သက်ရောက်လာမှုများ ရှိလာသည်။ဇာတ်ဝင်ခန်းရိုက်ကူးမှု ပြီးစီးသွားသည့်နောက်တွင်လည်း သူ့ဇာတ်ကောင်အတွင်း၌ နစ်ဝင်နေဆဲ။ တစ်ကိုယ်တည်းရှိနေကာ တော်တော်ကြီးအချိန်ကြာလာသည်အထိပင်လျှင် ရုန်းမထွက်နိုင်ပါပေ။

ရန်ရို့မင်က သူ့ထံသွားကာ နှစ်သိမ့်ချော့မော့ပေးချင်သည်။ သို့သော် ဟေးကျန်းက လုပ်ခွင့်မပြု၊ ယခုအချိန်၌ ရန်ရို့မင်သွားလိုက်လျှင် ရှရှင်းချန်အတွက် သူ့ကာရိုက်တာထံမှ ထွက်လာရန် ပိုမိုခက်ခဲသွားစေမည်ဟု သူက ပြောပါတော့၏။

ဟေးကျန်း မမှားကြောင်းကိုလည်း သူသိသည်။

ရှေ့ကဖြစ်စဉ်များစွာတွင် သရုပ်ဆောင်တစ်ယောက်အဖို့ သူ့ကာရိုက်တာက စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုအထွဋ်အထိပ်ထံ ရောက်ရှိသွားသည့်အခါ သူကိုယ်တိုင်သည်လည်း အနက်ရှိုင်းဆုံးအထိ လိုက်ပါခံစားရင်း ပိတ်မိနေတတ်သည်။ ထိုအရှုပ်အထွေး၌ငြိတွယ်နေမှုမှေးမှိန်ကွယ်ပျောက်လာသည်နှင့် သရုပ်ဆောင်သည် နောက်ဆုံးတွင် သူကိုယ်တိုင်အဖြစ် ပြန်လည်ဖြစ်တည်လာလိမ့်မည်။

စိတ်နှလုံးထိခိုက်ဖွယ် ကြေကွဲစရာအကောင်းဆုံး ဇာတ်ဝင်ခန်းများအနက်တွင်မှ တစ်ခုသောဇာတ်ဝင်ခန်း၌ ရှရှင်းချန်သည် သူပွေ့ဖက်ထားသည့်လက်များအကြား ငိုနေသည်ကို မရပ်တန့်နိုင်တော့။ ရန်ရို့မင် သူ့ကို တွန်းဖယ်ခြင်းမပြုရက်ပါပေ။ သူလုပ်နိုင်သည်က ရှရှင်းချန်ကို ထပ်တိုးဖက်ထားရင်း ငိုကြွေးခွင့်ပြုလိုက်ခြင်းပင်။ ပူနွေးနေသည့်မျက်ရည်စက်များ သည် သူ့လက်ခုံပေါ်သို့ ကျရောက်လာကာ ခပ်မြန်မြန်ပင် အငွေ့ပျံသွေ့ခြောက်သွားပြီး မည်သည့်အရိပ်မှ မကျန်ခဲ့။ သို့ပါသော်လည်း ပူပြင်းသည့် အထိအတွေ့သည် လုံးဝကွယ်ပျောက်မသွားတော့။

The Star Around The Sun (Burmese Translation)Where stories live. Discover now