- 58 -

92 9 0
                                    

Unicode

ရှရှင်းချန်၏ နှလုံးအိမ်အား ပြင်းပြင်းထန်ထန် ခုန်လာစေရခြင်း အကြောင်းအရင်းသည် ရုပ်ရှင်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ဖြစ်တန်စွမ်းရှိနိုင်သည့် အခွင့်အရေးရလာခြင်းကြောင့် မဟုတ်ပေ။ 'ထိုအခွင့်အရေးကို သူ့အတွက် ဆောင်ကြဉ်းပေးလာသူသည် ရန်ရို့မင်ဖြစ်သည်' ဟူသော အချက်ကြောင့်သာ ဖြစ်သည်။

ရန်ရို့မင်ထံ လှည့်ကြည့်လိုက်ချင်စိတ်ကို ရှရှင်းချန် ချိုးနှိမ်ထားပါ၏။ ထိုကဲ့သို့သော လူမြင်ကွင်းနေရာတွင် သူ့မျက်ဝန်းများသည် သူ့ကို သစ္စာဖောက်ကာ စိတ်ခံစားချက်များကို အတိုင်းသားပေါ်လွင်နေစေမည်အား စိုးရွံ့သောကြောင့် ဖြစ်သည်။

ရန်ရို့မင်၏ အသွင်အပြင်မှာမူ ပကတိ တည်ကြည်အေးဆေးနေဆဲ ဖြစ်၏။ သူ လုံလုံလောက်လောက် စားသောက်ပြီးပုံရကာ စားသောက်ထားသည့် ပန်းကန်၊ ကော်ဖီခွက်၊ ခက်ရင်းနှင့် ဓါးတို့ကို ဘေးသို့အနည်းငယ် ရွှေ့လိုက်ပြီး ထိုင်ခုံပေါ်တွင် ကိုယ်ကို အနည်းငယ်လျောမှီ၍ တင်းဝမ်ရွှင်ကို ကြည့်လာပါသည်။

တင်းဝမ်ရွှင်သည် ရှရှင်းချန်ကို အတော်တန် စိတ်ဝင်စားပုံရသော်လည်း သူ မည်သည်ကိုမှ ချက်ချင်း ဆုံးဖြတ်ချက်မချလိုက်ပေ။ သူ့ ဖုန်းနံပါတ်၊ လိပ်စာ စသည့် အချက်အလက်တို့ကိုသာ ရှရှင်းချန်ကို ပေးထားခဲ့ပြီး ရုပ်ရှင်မှဇာတ်ကောင်တစ်နေရာအတွက် လူတွေ့စစ်ဆေးရေးကို လာခဲ့ရန် ပြောသည်။

မနက်စာစားပြီးကြသည့်အခါတွင် ရန်ရို့မင်က
ချန်းဟိုင်လန်ကို ပြောပါ၏။

"ငါ အရင်သွားနှင့်ပြီ.. ပြန်ရောက်ရင် ငါတို့ ထပ်ဆုံကြတာပေါ့"

ချန်းဟိုင်လန်က မတ်တပ်ထရပ်လိုက်ကာ ရန်ရို့မင်ကို လိုက်ပို့ရန် ပြင်သည်။ 

ရန်ရို့မင်က ဆိုသည်။

"မလိုဘူး.. ဝမ်ရွှင်ကိုသာ အဖော်လုပ်ပေးနေ"

ချန်းဟိုင်လန်လည်း ပြန်လည်မငြင်းဆန်တော့။

ထိုအခိုက်တွင် ခိုင်မေ့ထင်က ရှရှင်းချန်ကို ပြောလာသည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now