- 53 -

92 10 0
                                    

Unicode

ဂိမ်းကို ဆက်ကစားကြပါသည်။

ချင်းရွှေးယွေ၏ဘေးဘက်တွင် ထိုင်နေကြသည့် မိန်းကလေးနှစ်ဦးသည် သတိလက်လွတ်ဖြင့် အတင်းပြောနေကြ၏။ သူတို့ထဲမှ တစ်ယောက်က မေးလာသည်ကို ရှရှင်းချန်ကြားလိုက်ရသည်။

"ရန်ရို့မင်က ပြန်သွားပြီလား"

တခြားတစ်ယောက်က ပြန်မေးသည်။

"နင်က ဘာလို့ ရန်ရို့မင်အကြောင်း မေးနေတာလဲ"

ပထမမိန်းကလေးက ပြောပါ၏။

"ငါ့ idol အကြောင်းကို ငါ မေးတောင် မမေးရတော့ဘူးလား"

သူတို့၏အသံများသည် တိုးတိုးသာသာ မဟုတ်၊ သူတို့ ပြောနေကြသည်များကို လူတိုင်းက ကြားရသည်။

ရမ်ကျင်းယွမ်က ရုတ်တရက်ထပြောလာ၏။

"သူ မသွားသေးဘူး.. ဟိုဘက်မှာ လန်ကောနဲ့ အတူရှိနေတာ၊ သူတို့က အချင်းချင်းသိလာတာ ဆယ်နှစ်ကျော်ပြီ၊ တကယ်ရင်းနှီးကြတဲ့ ဆက်ဆံရေးမျိုးပဲ"

ထိုအခိုက် ယောက်ျားလေးတစ်ဦးက ထိုမိန်းကလေးကို ပြောပါ၏။

"မင်းက ရန်ရို့မင်နဲ့ ဘာလုပ်ချင်လို့လဲ .. ယွမ်ချီအန်ရဲ့ တစ်ဝက်လောက်တောင် လှလို့လား"

ထိုမိန်းကလေးက ခွန်းတုံ့ပြန်ပါ၏။

"ယွမ်ချီအန်က ဒီမှာမှ မရှိတာ.. တွေးကြည့်လို့ ကောင်းသားပဲ ..ဟုတ်တယ်ဟုတ်? အနည်းဆုံးတော့ ငါက ယွမ်ချီအန်ထက် ဆယ်နှစ်‌နီးပါးလောက် ငယ်တယ်လေ၊ ရန်ရို့မင်လည်း သူ့အကြိုက်ကို ပြောင်းချင်တာမျိုးလည်း ဖြစ်နိုင်တာပဲ"

စကားဆုံးသည်နှင့် သူမ ဘေးနားမှ မိန်းကလေးက သူမအား အလောတကြီးဖြင့် တံတောင်နှင့်တွတ်ရင်း
တစ်နေရာသို့ ကြည့်လိုက်ရန် အချက်ပြသည်။

ရှရှင်းချန်လည်း သူမတို့ အကြည့်ဦးတည်ရာထံသို့ လှမ်းကြည့်လိုက်ရာ ရေကူးကန်ဘေးမှ ဗီလာ၏ ဒုတိယထပ် လေသာဆောင်တွင် ရန်ရို့မင်နှင့် ချန်းဟိုင်လန်သည် အောက်ငုံ့ကြည့်ရင်း မတ်တပ်ရပ်နေကြပါ၏။ ရန်ရို့မင်သည် မတိုင်ခင်လေးက သူတို့၏ စကားများကို ကြားရမည်မှာ အသေအချာပင် ဖြစ်၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now