- 113 -

67 8 0
                                    

Unicode

နောက်ရက်တွင် ရှရှင်းချန် ဖန်ရင်းအား ဖုန်းခေါ်လိုက်ပါသည်။

ဖန်ရင်းက သူတို့ဇနီးမောင်နှံ ရှရှင်းချန်ထံအလည်လာခြင်းအပြင် အားလပ်ရက်များကို အခွင့်ကောင်းယူ၍ တင်းတင်း၊တုန်တုန်တို့နှင့်အတူ ခရီးထွက်ချင်သောကြောင့်လည်းဖြစ်ရာ ကာလတစ်ခုအထိ သူတို့ပြန်ဖြစ်ဦးမည်မဟုတ်ကြောင်း ပြောသည်။ ထို့ပြင် သူမ ရှယီကို ဟိုတယ်တွင်တည်းနေမည့်အစား ရှရှင်းချန်၏အိမ်ခန်းတွင် ရက်အနည်းငယ်ခန့် နေကြရန် စည်းရုံးပြောဆိုပြီးပြီလည်း ဖြစ်၏။

ရှရှင်းချန်ကဆိုသည်။

"ကျဲ.. နှစ်သစ်ကူးအကြိုနေ့ရောက်ဖို့ နှစ်ရက်ပဲလိုတော့တာ၊ ကျဲတို့လေးယောက် ဒီအိမ်လာပြီး ကျွန်တော်တို့နဲ့အတူ နှစ်ကူးပွဲလုပ်ကြရင်ရော ဘယ်လိုလဲ"

ဖန်ရင်း ခဏငယ်ခန့်တိတ်ဆိတ်သွားပြီးနောက် လေသံနှိမ့်ရင်း ပြန်မေးသည်။

"ရန်ရို့မင်ရဲ့ အိမ်မှာလား"

"အင်း.. မင်ကောကလည်း ဒီအတိုင်း ပြောထားတယ်"

ဖန်ရင်း အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ ပြောလာ၏။

"မင်းအစ်ကိုကို အရင်မေးလိုက်ဦးမယ်..ပြီးမှ ပြန်ဆက်လိုက်မယ်နော်"

အစက နှစ်သစ်ကူးပွဲတော်ရက်များကို နိုင်ငံရပ်ခြားသို့ခရီးထွက်ကြရန်အတွက် ရှရှင်းချန် ရန်ရို့မင်နှင့် သဘောတူထားပြီးဖြစ်သော်လည်း ရှယီ ပေကျင်းသို့ ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာမှုကြောင့် ရန်ရို့မင်၏ မျက်နှာဒဏ်ရာရသွားသဖြင့် ကာလတစ်ခုကြာသည်အထိ အပြင်မထွက်ရန် သူတို့နှစ်ယောက် ဆုံးဖြတ်ဖြစ်လိုက်ကြသည်။ နှစ်ကူးပွဲတော်ပြီးသည့်နောက် ရှရှင်းချန်၏မိဘနှစ်ပါး အိမ်ပြန်ရောက်လာသည့်အခါတွင်မှ ရှရှင်းချန် ဇာတိမြို့သို့ တစ်ယောက်ထဲ ပြန်သွားမည်ဖြစ်၏။

ထို့ကြောင့် ရန်ရို့မင်က ရှရှင်းချန်ကို နှစ်သစ်ကူးပွဲတော်အား သူ့အစ်ကိုကြီးမိသားစုနှင့်အတူ ကျင်းပချင်သလားဟု မေးခဲ့သည်။

ထိုနေ့ညက ဖန်ရင်း ရှရှင်းချန်ကို ဖုန်းပြန်ဆက်ရာတွင် သူမ အနည်းငယ် စိတ်ဆိုးနေဟန်ရှိသည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now