Unicode
သူ့ပို့စ်ကို like ပေးခြင်းက ရန်ရို့မင် မည်သည်ကိုဆိုလိုချင်သည်ဖြစ်ကြောင်း ရှရှင်းချန် နားမလည်။ သူ ထိုအမျိုးသားထံမှ မည်သည်ကိုမှ မကြားရသည်မှာ ရက်အတော်ကြာရှိနေပြီ ဖြစ်၏။ ယခုမူ ထိုအမျိုးသားသည် နားလည်ရခက်ခဲစွာပင် သူ့ပို့စ်ကို like ပေးသွားသေးသည်။ ထိုသူ့ကို 'ဘာအဓိပ္ပါယ်လဲ' ဟု မေးကြည့်လိုစိတ်အား ရှရှင်းချန် ကြိုးစား၍ ချုပ်တည်းထားလိုက်ပါ၏။
Weibo တစ်ခွင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်အား ကြည့်နေရင်း ရှရှင်းချန် သက်ပြင်းချကာ Weibo ကို ပိတ်လိုက်ပြီး အိပ်ပျော်သွားရန်သာ ကြိုးစားလိုက်ပါ၏။
'ခင်ဗျားက ကျွန်တော့်ကို လျစ်လျူရှုထားတာကို
ဘာကြောင့် ကျွန်တော်က ခင်ဗျားကို ရှာဖို့ အလျင်လိုနေရမှာလဲ?'ရလာဒ်အနေဖြင့် သူ အိပ်ပျော်ရုံရှိသေးသည်တွင် ဖုန်းမြည်လာသံကြောင့် ရုတ်တရက် နိုးသွားတော့၏။
ဖုန်းခေါ်သူမှာ ဟွမ်းကျီရှင်းဖြစ်ကြောင်း သူမြင်လိုက်သည်နှင့် ချက်ချင်းပင် ဒေါသထွက်လာရကာ အော်တော့၏။
"ဘာလို့ ဒီလောက် နောက်ကျနေမှ ငါ့ကို ဖုန်းခေါ်ရတာလဲ!!"
တစ်ဖက်ခြမ်းမှ ဟွမ်းကျီရှင်း အံ့အားသင့်သွားသည်မှာ သိသိသာသာပင်။ သူက မေးလာသည်။
"ဆယ်နာရီကျော်ရုံပဲ ရှိသေးတာ မဟုတ်ဘူးလား"
ရှရှင်းချန် ထပ်အော်ပြန်၏။
"ဆယ်နာရီက နောက်မကျဘူးပေါ့! ..ဟမ့်? ငါ နေ့တိုင်းနေ့တိုင်း ရိုက်ကူးရေးမှာ ကြိုးကြိုးစားစား အလုပ်လုပ်နေရတာလေ !.. ငါ ဆယ်နာရီမှာ အိပ်ယာဝင်လို့တောင် မရတော့ဘူးလား?!'
သူ ဘာကြောင့် အအော်ခံနေရမှန်း ဟွမ်းကျီရှင်း နားမလည်တော့။ ဇဝေဇဝါဖြင့် ပြောလိုက်ပါ၏။
"မင်း ဒီနေ့ အစောကြီး အိပ်ယာဝင်သွားမှန်း ငါ ဘယ်လိုလုပ် သိမှာလဲ"
ရှရှင်းချန် သက်ပြင်းရှည်တစ်ချက်ချလိုက်ကာ စိတ်ငြိမ်အောင် ထိန်းလိုက်ပါ၏။
"ဘာကိစ္စရှိလို့လဲ"
ဟွမ်းကျီရှင်းက မေးလာပြန်သည်။
YOU ARE READING
The Star Around The Sun (Burmese Translation)
RomanceDescription : MC is a normal actor in the entertainment industry and ML is a very famous actor. They met on the set of a BL film which is directed by a well-known director. And .. what will happen ? Read the story if you wanna know. ;) It's my very...