- 100 -

158 11 0
                                    

Unicode

နောက်ပိုင်းတွင် ရှရှင်းချန်သည် ထိုအနီရောင်ဂါဝန်ကို ဟိုတယ်သို့ ပြန်ယူလာခဲ့ပါ၏။ သူတို့နှစ်ယောက် ယင်းဂါဝန်ကိုသုံး၍ တစ်ညလုံးနီးပါး ပျော်စရာအချိန်လေးများ ‌ဖန်တီးဖြစ်ကြသည်။ ထို့နောက်တွင်မူ ရှရှင်းချန်သည် ၎င်းဂါဝန်ကို လွှင့်မပစ်ရက်သဖြင့် လျှော်လိုက်ကာ သူ့ခရီးဆောင်သေတ္တာထဲတွင် ခေါက်ထည့်ထားလိုက်သည်။ နောက်ဆုံးတွင်တော့ ထိုဂါဝန်အနီကို ရန်ရို့မင်၏ အဝတ်အစားများ ထားရှိရာအခန်းရှိ အရောင်အသွေးငြိမ်သည့် အမျိုးသားဝတ် ဝတ်စုံများအကြားတွင် ချိတ်ဆွဲထားဖြစ်၏၊ တထိုသို့ တည်ရှိနေပုံမှာ သိသိသာသာပင် လိုက်ဖက်မှုမရှိ၊ နေရာမှားနေသကဲ့သို့ ကွဲပြားနေလေသည်။

'မတော်တဆလူသတ်မှု' အတွက် ရှရှင်းချန် သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းအားလုံးကို ရိုက်ကူးပြီးစီးသည့်အခါ ရှရှင်းချန်သည် ပစ္စည်းများထုတ်ပိုးကာ ရိုက်ကူးရေးတည်နေရာမှ ကြိုပြန်နှင့်ခဲ့လိုက်သည်။

ရှရှင်းချန် ပြန်မည့်အချိန်သည် မနက်စောစောပင်၊ မနက်ခင်းအလင်းရောင်သည်လည်း တောက်တောက်ပပ လင်းချင်းမလာသေး။ သူ ခရီးဆောင်သေတ္တာကို ဆွဲလာကာ ဟိုတယ်အပြင်ဘက်တွင် ရပ်ထားသည့် low-key SUV ကားပေါ် တက်လိုက်ပါ၏။

ရန်ရို့မင်က ကားမောင်းသူ ဖြစ်ပြီး ကားထဲတွင် သူတို့နှစ်ယောက်သာ ရှိနေသည်။ ရှရှင်းချန် ကားမောင်းသူဘေးရှိ ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ ထိုင်ခုံခါးပါတ်ကို ပတ်ပြီးသည်နှင့် ရန်ရို့မင် ကားစက်နှိုးကာ မောင်းထွက်‌လိုက်တော့၏။

ကားမောင်းနေရင်းဖြင့် ရန်ရို့မင် ရှရှင်းချန်ကို ပြောလာသည်။

"အိပ်ချင်နေသေးရင် တစ်ရေးလောက် အိပ်လိုက်ဦး..
ရောက်ရင် မင်းကို ကိုယ် နှိုးလိုက်မယ်"

မတိုင်ခင်ကလည်း သူ့အိမ်မှနေ၍ ရှရှင်းချန်၏ ရိုက်ကွင်းရှိရာသို့ သူ တစ်ယောက်ထဲ ကားမောင်းလာခြင်းပင်။

ဦးထုပ်ဆောင်းကာ နှာခေါင်းစည်းတပ်ထားသည့် ရှရှင်းချန်က ခေါင်းကို အနောက်ဘက်သို့ တိမ်းစောင်းလိုက်ကာ တစ်ဖက်အမျိုးသားထံ လှည့်ကြည့်လာ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now