- 97 -

106 9 0
                                    

Unicode

ရှရှင်းချန် ပန်းစည်းပိုက်ပြီး အခန်းထဲပြန်ဝင်လာသည့်အခါ ရန်ရို့မင်သည် အဝတ်အစားလဲပြီးပြီ ဖြစ်ကာ အိပ်ယာပေါ်တွင် ထိုင်နေရင်း ဖုန်းပြောနေလေသည်။

ရှရှင်းချန် ဝင်လာသည်ကို မြင်သည်တွင် ရန်ရို့မင်က သူ့ကိုပြုံးပြပါ၏။ ထို့နောက် တခြားတစ်ဖက်ခြမ်းရှိလူနှင့် စကားဆက်ပြောနေလေသည်။

"ငါ သိပြီ.. ပြဿနာမရှိဘူး"

ထိုသို့ နောက်ဆုံးပြောလိုက်ကာ ဖုန်းချလိုက်လေသည်။

ရှရှင်းချန် ပန်းစည်းကို တီဗွီစင်ထက်တွင် တင်ထားလိုက်၏။

ရန်ရို့မင်က ဖုန်းကိုပြန်ချထားလိုက်ကာ ရှရှင်းချန်ကို ကြည့်ရင်း မေးလာသည်။

"ပန်းစည်းက ဘယ်သူပေးတာလဲ"

ရှရှင်းချန်သည် ထိုအမျိုးသား၏ မျက်နှာအမူအယာကို သေချာအကဲခတ်နေရင်း ဖြေလိုက်သည်။

"ယွမ်ချီအန်"

ရန်ရို့မင်၏အမူအယာသည် လုံးဝပြောင်းလဲသွားမှု မရှိပေ။ ပန်းစည်းကိုသာ ခေတ္တခဏခန့်ကြာသည်အထိ
စိုက်ကြည့်နေပြီးမှ ရုတ်တရက် ရှရှင်းချန်ကို မေးလာ၏။

"မင်း ယွမ်ချီအန်နဲ့ ရင်းနှီးလား"

ယင်းအမေးစကားကိုကြားလိုက်ရာ ရှရှင်းချန် တုန့်ခဲသွားရတော့သည်။

ရန်ရို့မင်က ထပ်မေးပြန်၏။

"သူ့ကားထဲမှာ ဆယ်မိနစ်ကျော်ကြာတဲ့အထိ ဘာတွေများ လုပ်နေခဲ့တာလဲ"

ရှရှင်းချန် ရန်ရို့မင်၏နံဘေးထံသို့ ခပ်ဖြည်းဖြည်း  လျှောက်သွားကာ ထိုင်ချလိုက်သည်။

"ကျွန်တော်တို့ စကားပြောရုံပါပဲ.. သူ့ကို မင်ကောအကြောင်း မေးကြည့်တာ.."

ရန်ရို့မင်ကပြောပါ၏။

"နောက်ကျရင် ကိုယ်နဲ့သက်ဆိုင်တဲ့ကိစ္စတွေကို ကိုယ့်ဆီပဲ တိုက်ရိုက်လာမေး"

ထိုခဏ၌ ရှရှင်းချန်သည် ရန်ရို့မင်ကို သူ ယွမ်ချီအန်အား ချစ်ခဲ့ဖူးခြင်း ရှိ၊မရှိကို မေးကြည့်ချင်စိတ်ဖြစ်လာသည်။ ထိုအမေးစကားတို့သည် သူ့နှုတ်ဖျားမှ ပွင့်အံလုဆဲဆဲဖြစ်နေသော်လည်း လက်လျှော့လိုက်ပါ၏။ ရန်ရို့မင် ယွမ်ချီအန်ကို ချစ်ဖူးခဲ့သည်ဖြစ်စေ၊ မချစ်ဖူးသည်ဖြစ်စေ ယင်းကိစ္စသည် အတိတ်သာဖြစ်ကာ ထိုသူတို့နှစ်ယောက်၏ အမှတ်တရများသက်သက် ဖြစ်သည်။ သူ ရန်ရို့မင်၏ အနာဂတ်မနက်ဖြန်များကိုသာ အလုံးစုံစိုးမိုးပိုင်ဆိုင်ချင်ပါ၏။

The Star Around The Sun (Burmese Translation)Where stories live. Discover now