- 126 -

71 7 0
                                    

Unicode

ရှရှင်းချန် ဟိုတယ်သို့ ပြန်ရောက်လာပြီ ဖြစ်သည်။ တံခါးဖွင့်ကာ အခန်းတွင်း ဝင်လိုက်သည့်အခါ ပြတင်းပေါက်ဘေးနားရပ်ရင်း ဖုန်းပြောနေသည့် ရန်ရို့မင်ကို မြင်လိုက်ရပါ၏။ ခန်းစီးများကို တစ်ဝက်ချထားသဖြင့် အခန်းသည် အနည်းငယ် အလင်းမှိန်နေလေသည်။

သူ ရန်ရို့မင်နံဘေးသို့ လျှောက်သွားလိုက်သည်။ ရန်ရို့မင် သူ့ကို လှည့်ကြည့်ပါ၏။ ဖုန်းကို နားနားကပ်ထားရင်း စကားပြောနေဆဲဖြစ်သော်လည်း သူ့ထံ ငုံ့ကိုင်းလာကာ နဖူးထက်သို့ အနမ်းတစ်ချက် ပေးလာသည်။

ရန်ရို့မင် ပြောလိုက်သည်ကို ရှရှင်းချန် ကြားနေရ၏။

"ကြည့်ပြီးဖြေရှင်းလိုက်.. ငါတွေးတာတော့ ကိစ္စကို လူစိတ်ဝင်စားမှုလျော့သွားအောင် လုပ်တာ အကောင်းဆုံးပဲ.. အဲ့ဒီ့ဓါတ်ပုံတွေက သိပ်တော့အရေးမကြီးပါဘူး၊ အိပ်ယာပေါ်က ဓါတ်ပုံတွေမှ မဟုတ်တာ"

တစ်ဖက်ခြမ်းမှ ဖုန်းပြောနေသူသည် မည်သူမှန်း ရှရှင်းချန် မသိပေ။ တစ်ဖက်လူက စိတ်ဆိုးသွားဟန်ဖြင့် ရုတ်ချည်းပင် အသံမြင့်တက်သွားသည်မှာ ဖုန်းမှလျှံထွက်လာသည့် စကားသံတို့ကိုပင် ရှရှင်းချန် ကြားရ၏။ သို့သော်လည်း သဲသဲကွဲကွဲ တိတိကျကျတော့ မကြားရ။

ရန်ရို့မင် ဖုန်းကို အလိုလိုပင် နားနားမှ ခွာလိုက်မိပြီး တစ်ဖက်လူ ပြောပြီးသည်နှင့် အေးအေးဆေးဆေး ပြန်ပြောသည်။

"ငါ နောက်နေတာပါကွာ.. တုကျင်း မင်း အရမ်းကို ကဲကဲဆတ်နေတာပဲ"

ထိုမှသာ ဖုန်းခေါ်ဆိုသူမှာ တုကျင်း ဖြစ်ကြောင်း ရှရှင်းချန် သိရတော့သည်။ အခြားတစ်ဖက်တွင် တုကျင်းသည် ကိစ္စကြောင်းရာအချို့ကို ဆက်ပြောနေ၏။ စကားများကို တရစပ် ခပ်မြန်မြန်ပြောနေခြင်းပင်။

ရန်ရို့မင်၏ မျက်တောင်များ စင်းကျနေကာ သူ့အကြည့်တို့သည် ခန်းစီးစထက်တွင် တည်နေ၏။ ထို့နောက် သူ ပြန်ပြောလိုက်သည်။

"သိပြီ"

ပြီးနောက် တုကျင်း ဖုန်းအရင်ချသွားတော့သည်။

The Star Around The Sun (Burmese Translation)Where stories live. Discover now