အခန်း {၂}
ရိဖု
ချန်ကန်းသည် ကျိုထားသော ဆေးကို ယူပြီး သူ၏ ငယ်ငယ်ရွယ်ရွယ် ရိဖု[1]အခန်းထဲသို့ ဝင်လာသည်။
ရှန်ရှစ်လျို့၏ အခန်းထဲတွင် အလင်းဖျော့တော့သော ဆီမီးအိမ်တစ်ခုသာ ထွန်းထားပြီး ပဲစေ့အရွယ်သာရှိသော မီးလျှံသည် ပိုးစုန်းကြူးနှင့်ပင် တူနေ၏။
သူသည် ပြတင်းပေါက်ကို မှီ၍ ထိုင်နေပြီး မီးရောင်ကြောင့် မျက်နှာတစ်ဝက်လောက်က မှောင်ရိပ်ကျနေသည်။ မြင်နေရသော ကျန်မျက်နှာအစိတ်ပိုင်း အချို့အရ အိပ်ပျော်တော့မည့်ပုံစံ ဖြစ်နေ၏။ ရှန်ရှစ်လျို့က ဆံပင် ချည်မထားသောကြောင့် ဆံနွယ်ရှည်များက ဝဲဖြာကျနေလေသည်။ မျက်လုံးထောင့်နှင့် နားသန်သီးလေးပေါ်တွင် အပ်နှင့် ဖောက်ထားသကဲ့သို့သော အနီရောင်မှဲ့ သေးသေးလေးက တစ်နေရာတွင် တစ်လုံးစီ ရှိနေပြီး အခန်းတွင်းရှိ အလင်းမှိန်မှိန်ကပင် ထိုမှဲ့နီလေးများအား ပိုတောက်ပအောင် ထောက်ပံ့ပေးထားသဖွယ် မျက်စိကျိန်းလောက်အောင် လှပနေပေ၏။
မီးရောင်အောက်တွင် မြင်နေရသော ထိုသူသည် သာမန် အချိန်များထက် သုံးဆလောက်ပင် ပို၍လှပနေခဲ့သည်။
အလှအပကို ခံစားတတ်သော နှလုံးသားဟူသည် လူတိုင်းတွင် ရှိပါသည်။ ကြည့်နေ မြင်နေကျ ဖြစ်သော်လည်း ထပ်၍ ငေးမိတတ်သည်။ ထိုအချိန်မျိုးတွင် ချန်ကန်းသည် အမြဲလိုပင် အသက်မရှုနိုင်တော့။ သူသည် မျက်စိစူးလောက်အောင် တောက်ပနေသော မှဲ့နီလေးများကို မျက်တောင်ခတ်၍ အာရုံထဲမှ မောင်းထုတ်ရင်း လည်ချောင်းရှင်းလိုက်သည်။ အသံကိုမြင့်လိုက်ပြီး -
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။