အခန်း {၁၆}
လေပြင်းထန်၍ မိုးသားတိမ်တိုက်များ အုံ့မှိုင်းလေပြီ
ဤကြားထဲတွင်ရှိသော ရှုပ်ထွေးနက်နဲလှသော ပတ်သတ်မှုများအကြောင်းပြောရမည်ဆိုလျှင် ယခင် ဧကရာဇ်မင်းမြတ်အကြောင်းက စ၍ပြောရလိမ့်မည်။
ယခင်ဧကရာဇ်မင်းမြတ်သည် ဘဝတစ်လျှောက်လုံးကို တိုင်းပြည်ကြီးအားစီမံအုပ်ချုပ်ရင်း ပင်ပန်းအလုပ်ရှုပ်စွာ ဖြတ်သန်းသွားသူ ဖြစ်သည်။ စစ်မက်ရေးရာ၌ ထူးကဲစွာ အရည်ချင်းပါရမီရှိသူဖြစ်သည့်တိုင် နန်းတွင်း အတွင်းပိုင်းရှိပြဿနာများကိုလည်း ပိုင်နိုင်စွာ ကိုင်တွယ်မြဲမြံစေနိုင်သူဖြစ်သည်။ လောကအလယ်တွင် ထွက်ပေါ်လာခဲလှသော သမိုင်းရာဇဝင်တွင်မည့် နှလုံးရည်လက်ရုံးရည်နှင့်ပြည့်စုံလှသည့် ဘုရင်မင်းမြတ်တစ်ပါးဖြစ်ပေသည်။ အနှီပုဂ္ဂိုလ်ကြီးက မဟာလျန်ပြည်ကြီးကို ကောင်းကင်ပေါ်ရှိနေမင်းတစ်စင်းကဲ့သို့ အခြေအနေထိရောက်အောင် အိမ်နီးချင်းတိုင်းပြည်များက မကျူးကျော် ရန်မစရဲအောင် ပျိုးထောင်လာပေးသည်ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။ သံနက်တပ်ရင်းနှင့် လင်ရှူးကျောင်းတော်ဆိုသည်မှာလည်း သူ့လက်နှင့် သူကိုယ်တိုင် ကနဦးတည်ထောင်လာခဲ့ခြင်းသာ။
ကံအကြောင်းမလှစွာပင် အနှီထက်မြက်ကျော်ဇောလှသည့်ပုဂ္ဂိုလ်ထူးတွင် အထီးကျန်တစ်ကိုယ်တည်းဖြစ်ရမည့် ကံကြမ္မာပါလေသည်။ ထီးနန်းစံသည့်သက်တမ်းတစ်လျှောက်တွင် မိဖုရားလေးပါး မြှောက်တင်ထားခဲ့ပြီး တစ်ပါးတလေမှတောင် သက်တော် အဓွန့်မရှည်ခဲ့ချေ ။ စုစုပေါင်း သားတော်သုံးပါးနှင့် သမီးတော်နှစ်ပါးဖွားမြင်သော်လည်း ထိုထဲမှလေးပါးက စောစီးစွာပင် ကံကုန်သွားရသည်။ အနှီဧကရာဇ်နတ်ရွာစံချိန်တွင် အစောတလျှင် ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုသွားသော မင်းသမီး(၁), သမီးတော်ကြီးသာ ကျန်နေခဲ့တော့သည်။
ဒဏ္ဍာရီများအရ မင်းသမီးကြီးကမူ သက်တော် ၁၆ နှစ် ၁၇ နှစ်အရွယ်တွင် အပြင်းအထန်ဖျားနာလျက် သေလုမြောပါးဖြစ်ခဲ့ဖူးသည်။ ကံကောင်းသည်က သူမသည် အန်းတင့်အမတ်မင်း(ကုယွင်ဖခင်) နှင့် ထိမ်းမြားကြောင်းလမ်းရန် မင်္ဂလာကတိကဝတ်ရှိသူဖြစ်သည်။ ဟုကော်ဘုံကျောင်းရှိ ဆရာတော်ကြီးက မင်းသမီးအတွက် သက်ရှည်မီးပုံးလွှတ်တင်ကာ ဆုတောင်းပေးပြီး အစောတလျှင် လက်ထပ်ထိမ်းမြားစေရင်း မင်္ဂလာကိစ္စရပ်များကို ဦးတိုက်စေခဲ့သည်။ မယုံမရှိပါနှင့်---လက်ထပ်ထိမ်းမြားပြီးနောက်တွင်မူ မင်းသမီး (၁) ၏ ရောဂါအဖုံဖုံက တဖြေးဖြေးပျောက်ကင်းသွားတော့သည်။
YOU ARE READING
အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသား
Randomတစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါနော်။